October 18, 2024

၁.၄.၂၀၂၄
Written By Thandar

နှုတ်ခမ်းနီမလေးတွေအပြင် အသက်အရွယ်ပေါင်းစုံချစ်ခင်အားပေးမှုရရှိထားတဲ့ ဟစ်ဟော့ပ် အဆိုတော် အကယ်ဒမီ စိုင်းစိုင်းခမ်းလှိုင်ကတော့ ဧပြီ ၁ ရက်မှာ “မူလက်ဟောင်း”ထွက်မယ်လို့ ရည်ရွယ်ခဲ့ပေမယ့် ဒီနေ့တော့ မထွက်ဖြစ်နိုင်ခဲ့ပါဘူးလို့ ဖွင့်ဟလာပါတယ်။

“April 1 ရက်နေ့ အခွေထွက်နေကြ ( Happy SaiSai Birthday, EVERGOLLIE, SaiSai is SaiSai ) ဒီ April 1 မှာ မူလလက်ဟောင်းထွက်မယ်လို့ ရည်ရွယ်ခဲ့ပေမယ့် ဒီနေ့တော့ မထွက်ဖြစ်နိုင်ခဲ့ပါဘူး….နောက် ကျွန်တော် တခြား Alum တွေထွက်နေကြ July လကိုပဲ …” လို့ အဆိုတော် စိုင်းစိုင်ခမ်းလှိုင်က ပရိသတ်သိအောင်ပြောလာပါတယ်။

သူဟာ ၁၀ ခွေမြောက် ထွက်ရှိမယ့် မူလလက်ဟောင်း တေးအယ်လ်ဘမ်ကို ၂၀၂၀ ထဲက ထွက်ရှိဖို့ပြင်ဆင်ခဲ့ပေမယ့်လည်း လက်ရှိ ၂၀၂၄ ခုနှစ်အထိ ထွက်ရှိလာခြင်း မရှိသေးတာပဲဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်က မတ်လထဲမှာလည်း တာချီလိတ်မြို့ The Legacy ဂီတခန်းမရဲ့ Grand Opening ဖွင့်ပွဲမှာ တေးသီချင်းတွေသီဆိုဖျော်ဖြေခဲ့လို့ မန္တလေးမှာလည်း Sai Sai Mandalay Show ကိုလည်း ကျင်းပခဲ့တယ်လို့ သိရပါတယ်။ HEY Play Application က ပြသနေတဲ့ “မှော်ဝင်ဖိတ်စာ” ဇာတ်လမ်းတွဲမှာလည်း အကယ်ဒမီခင်ဝင့်ဝါ ၊ အကယ်ဒမီ အေးမြတ်သူ၊ ဝင်းခန့်မိုး ၊ Lဘောက်နူးတို့နဲ့အတူပါဝင်သရုပ်ဆောင်ထားတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *