October 23, 2024

MT News

Written By Naddy

သရုပ်ဆောင်ပိုင်တံခွန်ဟာ သူ ရဟန်းဝတ်ခဲ့တဲ့ ဘုန်းကြီးကျောင်းမှာ သိမ်ကျောင်းဆောက်လုပ်ဖို့ ကျပ်သိန်း ၁၀၀၀ ကျော် မ,တည်လှူဒါန်းခဲ့ပြီး ဒီအလှုအတွက် မဇ္ဈိမအောင်မြေဗုဒ္ဓဂယာကျောင်းတိုက်၊ သိမ်ကျောင်း ပန္နက်တင်အုတ်မြစ်ချမင်္ဂလာနဲ့ အလှူတော်ငွေ ပေးအပ်လှူဒါန်းမှုအခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းက ဒဂုံမြို့သစ်အရှေ့ပိုင်း ၁၃၁ ရပ်ကွက် ရေသန့်စက်ရုံလမ်းက သာသနာ့အောင်မြေသိမ်တော်မှာ ကျင်းပခဲ့ပါတယ်။

” ဒီကျောင်းလေး သူ ဘုန်းကြီးလာဝတ်ကတည်းကသူ့မှာ ဆန္ဒရှိခဲ့တယ်။ ပိုင်တံခွန်နဲ့အတူ ပါဝင်အားဖြည့်လှူဒါန်းခွင့်ရလို့ ဝမ်းသာရပါတယ်။ ပိုင်တံခွန်က မ,တည်ပြီးတော့ ကျွန်တော်တို့ ခုနှစ်ရက်သားသမီးက ကိုယ့်တတ်နိုင်သ လောက်ပါဝင်လှူဒါန်းဖြစ်တယ်။ အလှူငွေလေး ပြည့်သွားချိန်မှာ ဒီသိမ်ကြီးကို ဆောက်ဖြစ်သွားတာပါ။ သိမ်ပန္နက် ရိုက်တယ်။ အုတ်မြစ်ချတယ်ဆိုတာ ကျွန်တော့်ဘဝရဲ့ အသက်အရွယ်တစ်ခုမှာ လုပ်ဖူးတာ ပထမဦးဆုံးပါပဲ။အရမ်းလည်း ပီတိဖြစ်ရပါတယ်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ သာသနာပြုခွင့်ရလို့လည်း အရမ်းဝမ်းသာပါတယ်”ဟု သရုပ်ဆောင် အောင်မင်းခန့်ကပြောသည်။

အဆိုပါအခမ်းအနားကို နမောတသ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး သိမ်သမုတ်ခြင်းဆိုင်ရာဂါထာတော်များ ရွတ်ဖတ်ကာ သိမ်ကျောင်းအတွက်ပန္နက်တင်အုတ်မြစ်ချမင်္ဂလာခြင်းနှင့် အလှူတော် ငွေပေးအပ်လှူဒါန်းခြင်းအခမ်းအနားပြုလုပ်ခဲ့သည်။

ထို့ပြင် ၎င်းကျောင်းတိုက်ရှိ ရေကန်ကြီးတွင် လေးမျက်နှာဘုရား တည်ရန်စီစဉ်ထားကြောင်း သိရသကဲ့သို့ ထိုကျောင်းတိုက်အား ခုနှစ်ရက်သားသမီးများပါဝင်လှူဒါန်းနိုင်ရန် အလှူရှင်များကို ဖိတ်ခေါ်လျှက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *