October 23, 2024

MT News

Written By Naddy

ဒါရိုက်တာဟိန်းစိုးက သူ့ အပတ်စဉ် (၂) သရုပ်ဆောင်၊ ဒါရိုက်တာသင်တန်းဆင်းပွဲနဲ့ အနုပညာသင်တန်းဆင်းတွေရဲ့“သူမရဲ့ နုပျိုသံစဉ်”ရုပ်ရှင်ဇာတ်လမ်းတိုပြသပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၁ရက် မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့၊ ဝင်္ကဘာလမ်းမှာရှိတဲ့ ရုပ်ရှင်အစည်းအရုံးမှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော်က နှစ် ၄၀ အတွင်း ဖြတ်သန်းခဲ့တဲ့ အနုပညာတွေကို ပြန်လည်ဝေမျှတာဖြစ်ပါတယ်။ နိုင်ငံတကာစံချိန်စံနှုန်းနဲ့သင်ပေးတဲ့ သင်တန်းတစ်ခုတော့မဟုတ်ပါဘူး။ကျွန်တော် သင်ကြားခဲ့တဲ့ဆရာတွေရဲ့ဘဝအသိပညာ အတတ်ပညာမျှဝေတာပါ။ အပတ်စဉ် ၁ နဲ့ ၂ပေါင်းလိုက်ချိန်မှာ အားရတဲ့အဆင့်တော့ ရောက်ရှိလာပါတယ်။ မကြာခင် အပတ်စဉ် ၃ ဆက်ဖွင့်ပါ့​မယ်။ အပတ်စဉ်အားလုံးပေါင်းပြီး ဇာတ်လမ်းတွဲ၂ခုရိုက်ပါမယ်။ ဒီသင်တန်းသားတွေထဲက ထူးချွန်ထက်မြတ်သူတွေကိုလည်း သုံးသွားပါ့မယ်။ ကိုယ့်အသိပညာ၊ အတတ်ပညာကို အဲဒီမှာချပြရမှာမို့ အခုကတည်းက ကြိုးစားကြပါလို့ပြောချင်ပါတယ်”လို့ ဒါရိုက်တာဟိန်းစိုးက ပြောပါတယ်။

ဒီအခမ်းအနားမှာ ဒီဇိုင်နာ ရည်မွန်အောင်က အဖွင့်အမှာစကားပြောတာ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက မုဒိတာစကားပြောတာတွေအပြင် သရုပ်ဆောင်တွေဖြစ်တဲ့ ဝေဠု ၊ အောင်ရေချမ်း ၊ မာန်ဟိန်း ၊ သုတအောင် ၊ ဘေဘီမောင် ၊ ဝိုင်းရွှေရည်၊ သံစဉ်မောင် စတဲ့သူတွေ တက်ရောက်ခဲ့ပါတယ်။

ဒါ့အပြင် သရုပ်ဆောင် သုတအောင် သီဆိုတဲ့ ‘မချစ်ချင်နဲ့’ တေးသီချင်းကိုလည်း သင်တန်းဆင်းကလေးတွေက ပါဝင်အားဖြည့်သရုပ်ဆောင်တာကိုလည်း ပြသခဲ့ပါတယ်။

ဒါရိုက်တာဟိန်းစိုးဟာ မကြာခင်ရက်ပိုင်းမှာ အပတ်စဉ် ၃ ကိုဖွင့်လှစ်မှာဖြစ်သလို လာမဲ့၂၀‌၂၃ ဇန်နဝါရီမှာလည်း တောတွင်းဇာတ်လမ်းတွဲတစ်ခုနဲ့ ဆရာမခင်နှင်းယုရဲ့ ဝတ္ထုကို ပြန်လည်ဖန်တီးဖို့ စီစဉ်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *