၂၈. ၃. ၂၀၂၄
Written by TZ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့၊ နွားမြောကျေးရွာအဝင်လမ်းကို မိုင်းထောင်နေသည့် PDF နှစ်ဦးကို လုံခြုံရေးတပ်ဖွဲ့မှ ပစ်ခတ်နိုင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ မတ်လ ၂၆ ရက် နံနက်ခင်းအချိန်တွင် နွားမြောကျေးရွာအဝင် လမ်းမပေါ်၌ မိုင်းထောင်ရန်ပြင်ဆင်နေသည့် PDF များကို လုံခြုံရေးတပ်ဖွဲ့ကတွေ့၍ ပစ်ခတ်ရာမှ အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပစ်ခတ်မှုဖြစ်စဥ် တိုက်ပွဲအပြီးတွင် PDF (၂)လောင်း၊ လက်လုပ် ၄၀ မမ ၁ လက်၊ လက်လုပ်မိုင်း ၄ လုံး၊ ဆိုင်ကယ်ဘက်ထရီ ၁ လုံး၊ ဝါယာကြိုး ၃၀ ပေနှင့်အတူ ဆိုင်ကယ် ၆ စီးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
Photo – Credit