October 20, 2024

၂၇. ၃. ၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်၊ ဘာလ်တီမိုးမြို့အနီးမှ Francis Scott Key တံတားကြီးအား မတ်လ ၂၆ ရက် နံနက်အစောပိုင်းက ကုန်သင်္ဘောတစ်စီးမီးလောင်ခဲ့ရာမှ တံတားပြိုကျခဲ့မှုတွင် တံတားပေါ် ရှိ မော်တော်ယာဉ်များနှင့် လမ်းလျှောက်သွားလာနေသူများပါ မြစ်အတွင်းသို့ ကျရောက်ခဲ့ကြရသည်။

တံတားပေါ်မှ မြစ်အတွင်းပြုတ်ကျခဲ့ရသူ ရှစ်ဦးရှိသည့်အနက် နှစ်ဦးကို ဆယ်ယူနိုင်ခဲ့ကာ ၎င်းတို့အနက် တစ်ဦးကိုဆေးရုံသို့ပို့ပေးခဲ့ရသေးသော်လည်း ယခုအခါအခြေအနေကောင်းမွန်၍ဆေးရုံမှဆင်းသွားပြီဖြစ်ကြောင်း၊ အခြားတစ်ဦးမှာလည်း အခြေအနေကောင်းမွန်ကြောင်း တာဝန်ရှိသူများက မတ်လ ၂၆ ရက် ညနေပိုင်းတွင်ပြောခဲ့သည်။

ရေထဲသို့ကျခဲ့သူများအနက် ကျန်ခြောက်ဦးမှာမူ ပျောက်ဆုံးလျက်ရှိပြီး ၎င်းတို့အနက် နှစ်ဦးမှာ ဂွာတီမာ လာနိုင်ငံသားများဖြစ်ကြောင်းလည်း သိရသည်။ အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့ကလည်း ကယ်ဆယ်ရေးလုပ်ငန်းများကို ရပ်ဆိုင်းလိုက်ပြီဖြစ်ရာ ၎င်းတို့ခြောက်ဦးမှာသေဆုံးပြီဟုယူဆရသည်။

တံတားအားဝင်မတိုက်မီအချိန်လေးတွင် ကုန်သေတ္တာတင်သင်္ဘော Dali ပေါ်၌ လုံးဝအမှောင်ကျသွားခဲ့ကြောင်းသိရသည်။ ထို့ကြောင့် သင်္ဘောမှာ အင်ဂျင်စွမ်းအားဆုံးရှုံးကာ လျှပ်စစ်ဓာတ်အားလည်း ပြတ်တောက်သွားခဲ့သည်။ ထို့နောက် သင်္ဘောက တံတားရှိရာညာဘက်သို့ မျောပါသွားခဲ့ရာ ရေယာဉ်မှူးက သင်္ဘောအရှိန်ကိုလျှော့ချ၍မျောပါနေခြင်းကိုထိန်းရန် ကြိုးစားခဲ့သော်လည်းသင်္ဘောက တံတားရေလယ်တိုင်တစ်ခုအားဝင်တိုက်မိခဲ့ပြီး တံတားကျိုးကျခဲ့ခြင်းဖြစ်သည်။

Ref- CNN

Leave a Reply

Your email address will not be published. Required fields are marked *