MT News
၂၇. ၃. ၂၀၂၄
ဒီနေ့ကျရောက်တဲ့ ၇၉ နှစ်မြောက် တပ်မတော်နေ့မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဒုတိယဗိုလ်မှူးကြီးတစ်ဦး၊ ဗိုလ်မှူးတစ်ဦးနဲ့ တပ်ကြပ်ကြီးတစ်ဦးတို့ကို တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်ဘွဲ့တစ်ခုဖြစ်တဲ့ သူရဘွဲ့ ချီးမြှင့်လိုက်ပါတယ်။
သူရဘွဲ့ရရှိသူတွေက ကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယဗိုလ်မှူးကြီး တင့်လွင်စိုး၊ ဗိုလ်မှူး ဌေးအောင်နဲ့ တပ်ကြပ် ကြီး ညွန့်ဝင်းတို့ဖြစ်ပါတယ်။
အလားတူ တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်ဖြစ်တဲ့ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ ၄ ဦးလည်း ပါဝင်ခဲ့ပြီး သူတို့က ဗိုလ်မှူးကြီး ဉာဏ်လင်းထက်၊ ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးသန့်၊ ဗိုလ်မှူး မျိုးထက်ဇော်နဲ့ တပ်ကြပ်/၁၂ ကြည်ဖြိုးဝေ တို့ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဒုတိယရဲမှူး ထွန်းထွန်းဝင်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင် ရဲသူရတံဆိပ် ချီးမြှင့်ခဲ့သလို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ၅ ဦး၊ ကာကွယ်ရေးဝန်ကြီးဌာနက ၁၁ ဦးနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက KIA ရဲ့ ၀၃၀၇ စစ်ဆင်ရေးမှာ ကျဆုံးသွားတဲ့ ပြည်သူ့စစ်ခေါင်းဆောင်ဦးရွှေမင်းအပါအဝင် စုစုပေါင်း ၄၀ ဦးကိုလည်း ရဲဗလတံဆိပ် ချီးမြှင့်လိုက်ပါတယ်။