၂၇. ၃. ၂၀၂၄
Written By Thandar
မြန်မာနိုင်ငံရှိ Tamil စာပေကိုစိတ်ဝင်စားသူတွေအတွက် အလွယ်ကူဆုံးနဲ့အကောင်းဆုံးသင်ရိုးကို My Tamil School e learning website က စတင်သင်ကြားပေးမယ့် စာနယ်ဇင်းမိတ်ဆက်ပွဲကို မတ်လ ၂၆ ရက် ညနေပိုင်းက ရန်ကုန်မြို့ Melia’ Hotel မှာ ကျင်းပခဲ့ပါတယ်။
“လူတိုင်းမှာ ဖုန်းလေးတစ်လုံးရှိရုံနဲ့ ဒီကျောင်းမှာ ကျောင်းတက်ရောက်လို့ ရပါတယ်။ Tamil ဆိုတဲ့ စကားကတော့ တစ်ကမ္ဘာလုံးမှာ ရှေးအကျဆုံးလည်းဖြစ်တယ်။ ဒီဘာသာစကားကို တချို့က စိတ်ဝင်စားကြတယ်။ မိခင်ဘာသာစကားကို လူတိုင်းနားလည်တတ်ကျွမ်းနိုင်လိုအပ်တာမို့ ရည်ရွယ်ချက်နဲ့ သင်ကြားပေးဖို့ဖြစ်လာတာပါ။ အကောင်းဆုံး Level တစ်ခုအနေနဲ့ သင်ကြားပေးမှာပါ” လို့ Vice President ကိုပြည့်ဖြိုးမောင်က ပြောပါတယ် ။
အဆိုပါ အခမ်းအနားကို မီးဆီးထွန်းညှိပြီး စတင်ဖွင့်လှစ်ခဲ့ကာ Tamil အကနဲ့ ကပြဖျော်ဖြေခဲ့ပါတယ်။ My Tamil School ရဲ့ အားသာချက်တွေအနေနဲ့ My Tamil School မှာ Tamil စာ (4) skills ကို Online ကတစ်ဆင့် Interactive learning စနစ်နဲ့ သင်ကြားပေးသွားပါဖြစ်တယ်လို့ သိရပါတယ်။
ဒီသင်ရိုးကို အချိန်မရွေး၊ နေရာမရွေးသင်ယူနိုင်မှာဖြစ်သလိုဆန်းသစ်တဲ့ E-Learning Platform ကနေ Grade 1 ကနေ 10 အထိရှိပြီး Grade တစ်ခုကို တစ်နှစ်သတ်မှတ်ထားကာ အခြေခံတတ်မြောက်ထားသူ ကလေးတွေအနေနဲ့ ၆ လကျော် ၈ လနဲ့တတ်မြောက်မယ်လို့လည်း သိရပါတယ်။ Grade တစ်ခုကို ကျပ်တစ်သိန်းနှုန်းနဲ့ သတ်မှတ်ထားပြီး International Standard မီတဲ့ Certificate ပေးအပ်သွားမယ်လို့ သိရပါတယ်။
ကမ္ဘာ့အဆင့်မီ Tamil စာသင်ရိုးကိုလေ့လာနိုင်ဖို့ My Tamil School (Interactive Learning Program) Website ၊ Facebook Page အပြင် ပုဇွန်တောင်မြို့နယ် ရေကျော်မြောင်းကြီးလမ်း အမှတ် ၂၆ ရုံးမှာ ကျောင်းအပ်နှံနိုင်တယ်လို့ သိရပါတယ်။