October 20, 2024

၂၆. ၃. ၂၀၂၄
Written by Nay Moe

စစ်မှုထမ်းဥပဒေထုတ်ပြန်အပြီးမှာ ဒီလိုမျိုးစစ်သားစုဆောင်းမှုကို ဆန့်ကျင်ဖို့ အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)တို့က ပူးတွဲထုတ်ပြန်ကြေညာချက်ထုတ်ပြီး လူထုလှုပ်ရှားမှုအဖြစ် လက်မှတ်ထိုးဆန့်ကျင်ဖို့ လုပ်ဆောင်ရာမှာ ၁၇ ရက်အတွင်း လက်မှတ်ထိုးသူက ၁၅၀၃၆ ဦးပဲရှိပြီး လက်မှတ်ထိုးဆန့်ကျင်သူ အလွန်နည်းပါးနေတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံရဲ့ အခုအခြေအနေဟာ အခြားနိုင်ငံတွေလို ပြည်ပအန္တရာယ်ကာကွယ်ဖို့ နိုင်ငံသားတွေက မဖြစ်မနေ စစ်မှုထမ်းမှု လုပ်ဆောင်ရမယ့် အခြေအနေမဟုတ်တာကြောင့် “အဓမ္မစစ်သားစုဆောင်းမှု လုပ်ငန်း”လို့ NLD နဲ့ NUCC က ပြောပြီး ဒီလုပ်ငန်းစဥ်ကို ဆန့်ကျင်ကန့်ကွက်ဖို့ “အဓမ္မစစ်သား စုဆောင်းမှု ဆန့်ကျင်တိုက်ဖျက်ရေးလူထုလှုပ်ရှားမှု” အဖြစ် စုပေါင်းလက်မှတ်ရေးထိုးမှုကို ၂၀၂၄ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့မှာ စတင်ဆောင်ရွက်လိုက်ပေမဲ့လည်း လူထုလှုပ်ရှားမှုဆိုတာနဲ့ မလျော်ညီအောင်ကို လက်မှတ်ထိုးသူနည်းပါးနေပြီး ၁၇ ဆယ်ရက်အကြာ ဒီနေ့အထိ ၁၅၁၀၀ မပြည့်သေးတာပါ။

မြန်မာနိုင်ငံဟာ အင်တာနက်သုံးစွဲသူများပြားတဲ့နိုင်ငံဖြစ်ပြီး Datareportal ရဲ့ ၂၀၂၃ စာရင်းအရ အင်တာနက်သုံးစွဲသူ ၂၃ ဒသမ ၉ သန်းရှိသလို စစ်မှုထမ်းအသက်အရွယ်မှာရှိနေသူက ၁၃ သန်းခန့်ရှိနေချိန်မှာကို NLD နဲ့ NUCC တို့ရဲ့ စစ်မှုထမ်းမှုဆန့်ကျင်ရေးလူထုလှုပ်ရှားမှုက လက်မှတ်ထိုးသူ ၁ ရာခိုင်နှုန်းတောင် မရှိသလောက်နည်းနေတဲ့အပြင် ဒီတစ်ပတ်အတွင်းမှာဆို လက်မှတ်ထိုးသူက ၁၀၂၀ ပဲရှိတဲ့အထိ နည်းခဲ့တာကို တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *