October 20, 2024

၂၆. ၃. ၂၀၂၄
Written by Pan Ei

တောင်ကိုရီးယား နာမည်ကြီး အမျိုးသားအဆိုရှင်အဖွဲ့ EXO ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး နာမည်ကြီးမင်းသားတစ်လက်လည်းဖြစ်တဲ့ D.O. ဟာ သူရဲ့ ပထမဆုံး တစ်ကိုယ်တော် ပရိသတ်ဖျော်ဖြေပွဲကို အာရှက မြို့ကြီး ၁၁ မြို့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

အမည်ရင်း Doh Kyung-soo ဖြစ်တဲ့ D.O. ဟာ ပရိသတ်တွေကို အံ့အားသင့်စေခဲ့တဲ့ သူရဲ့ ပထမဆုံး အာရှဖျော်ဖြေရေးခရီးစဉ် တစ်စိတ်တစ်ပိုင်းအနေနဲ့ ဂျကာတာ၊ တိုင်ပေ၊ ဘန်ကောက်၊ မနီလာ၊ စင်ကာပူတို့အပါအဝင် အာရှက မြို့ကြီး ၁၁ မြို့မှာ ဖျော်ဖြေသွားမှာဖြစ်ပြီး ဖျော်ဖြေပွဲတွေက လာမယ့် ဇွန်လကနေ စက်တင်ဘာလအထိ ရှိမှာ ဖြစ်ပါတယ်။

သူ့ရဲ့ဖျော်ဖြေပွဲတွေအတွက် လက်မှတ်ရောင်းချမဲ့နေရာနဲ့ လက်မှတ်ဈေးအသေးစိတ်ကိုတော့ ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။

D.O. ဟာ ၂၀၂၃ ခုနှစ်က သူ့ရဲ့အေဂျင်စီဟောင်း SM အင်တာတိန်းမန့်က ထွက်ခွာခဲ့ပြီး သူ့ရဲ့ ကိုယ်ပိုင်အေဂျင်စီဖြစ်တဲ့ Company Soosoo ကို ဖွဲ့စည်းခဲ့ပါတယ်။

D.O. ဟာ EXO အဖွဲ့ဝင်တစ်ဦးအဖြစ်သာမက သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်း အောင်မြင်မှုတွေရရှိထားသူတစ်ဦးဖြစ်ပြီး 100 Days My Prince၊ Bad Prosecutor နဲ့ The Moon စတဲ့ ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

Ref; CNA

Leave a Reply

Your email address will not be published. Required fields are marked *