October 20, 2024

၂၆. ၃. ၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်၊ ဘာလ်တီမိုးမြို့ရှိ အရှည် ၁ ဒသမ ၂ မိုင်ခန့်ရှိသော လေးလမ်းသွား Francis Scott Key တံတားကြီးမှာ မတ်လ ၂၅ ရက် ဒေသစံတော်ချိန် နံနက် ၁ နာရီခွဲခန့်တွင် တံတားကြီးအား သင်္ဘောတစ်စီးက ဝင်ရောက်တိုက်မိမှုကြောင့် ပျက်စီးခဲ့ရာ တံတားပေါ်တွင် သွားလာနေကြသော မော်တော်ယာဉ်ပေါင်းများစွာ မြစ်အတွင်းသို့ ထိုးကျနစ်မြုပ်ခဲ့ရကြောင်း သိရသည်။

တံတားကြီးမှာလည်း အပိုင်းလိုက် မြစ်ရေအတွင်းပြိုကျခဲ့သည်ကို တွေ့ရသည်။ တံတားကြီးအား အရှည် ၉၄၈ ပေရှိ စင်ကာပူအလံလွှင့်ထားသော ကုန်တင်သင်္ဘော Dali က ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။ Dali သင်္ဘောက နံနက် ၁ နာရီတွင် သီရိလင်္ကာနိုင်ငံ၊ ကိုလမ်ဘိုမြို့သို့သွားရန် ဘာလ်တီမိုးမြို့မှ စတင်ထွက်ခွာလာခြင်းဖြစ်သည်။

သင်္ဘေကဝင်တိုက်မိစဉ် တံတားပေါ်၌သွားလာနေသောအနည်းဆုံး ကားခုနှစ်စီးခန့် မြစ်အတွင်းသို့ ထိုးကျသွားခဲ့ကြသည်ဟု ယူဆရကာ ကယ်ဆယ်ရေးသမားများက ရေငုပ်ရှာဖွေမှုများပါ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဘာလ်တီမိုးတံတားကြီးက ပေ ၈,၅၀၀ ရှည်လျားပြီး ၁၉၇၇ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ခြင်းဖြစ်သည်။

Ref- CNN

Leave a Reply

Your email address will not be published. Required fields are marked *