October 20, 2024

၂၆. ၃. ၂၀၂၄
Written by Tha Doe

လက်နက်ကိုင်အကြမ်းဖက်မှုတွေကြောင့် စိုက်ပျိုးထုတ်လုပ်မှုတွေ ထိခိုက်ခဲ့သလို မွေးမြူရေးကဏ္ဍမှာလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လျော့နည်းကျဆင်းလာတယ်လို့ SAC ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၄) မှာ ပြောကြားပါတယ်။

စိုက်ပျိုးရေးနဲ့ပတ်သက်လို့ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး စနစ်တကျ စိုက်ပျိုးပြီး အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ရန်လိုသလို သီးထပ်စွမ်းအားတွေ တိုးတက်စေရေးအတွက်လည်း ဆောင်ရွက်ဖို့လိုတာနဲ့ ပြီးခဲ့တဲ့ကာလအတွင်း ဒေသအချို့မှာ လက်နက်ကိုင်အကြမ်းဖက်မှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် စိုက်ပျိုးထုတ်လုပ်မှုတွေ ထိခိုက်ခဲ့ရပြီး ဒေသကုန်ထုတ်လုပ်မှုပါ ထိခိုက်စေခဲ့တာကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေက ဒေသအလိုက် ကုန်ထုတ်လုပ်မှုနဲ့ပတ်သက်ပြီး လိုအပ်တာကို ကူညီဆောင်ရွက်ပေးသွားဖို့ လိုတယ်လို့ SAC ဥက္ကဋ္ဌက ပြောကြားပါတယ်။

ဒါ့အပြင် မွေးမြူရေးနဲ့ ပတ်သက်လို့လည်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လျော့နည်းကျဆင်းလာတာကို တွေ့ရလို့ ပြန်လည်တိုးတက်အောင် ဆောင်ရွက်ဖို့လိုအပ်ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ တိုးတက်မှ စက်မှုလုပ်ငန်းတွေနဲ့ MSME လုပ်ငန်းတွေ တိုးတက်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။ MSME လုပ်ငန်းတွေ ဆောင်ရွက်ရာမှာလည်း ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရုံသာမက ပြည်ပနိုင်ငံတွေပါ တင်ပို့နိုင်တဲ့ အရည်အသွေးပြည့်မီတဲ့ အဆင့်မီထုတ်ကုန်တွေ ထုတ်လုပ်နိုင်တဲ့အထိ ဆောင်ရွက်ကြဖို့လိုသလို ဝန်ကြီးဌာနတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကလည်း ပေးအပ်ထားတဲ့ တာဝန်တွေ ကျေပွန်အောင် ထမ်းဆောင်ကြဖို့၊ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အတွင်း တွေ့ကြုံခဲ့ရတဲ့ အားနည်းချက်တွေကို သင်ခန်းစာဖော်ထုတ်ပြီး လာမဲ့ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းတွေ ပိုမိုတိုးတက် အောင်မြင်အောင် ဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *