၂၆. ၃. ၂၀၂၄
Written by TZ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့၊ သရက်တော-ဆင်ဖြူကျွန်းသွားသည့် မြေနီလမ်းဘေးဘယ်ဘက်ခြမ်းရှိ ဇရပ်အနီးတွင် လက်ပြန်ကြိုးတုပ်ထားပြီး ဦးခေါင်းပွင့်ထွက်သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်း ယနေ့နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ စလင်းမြို့နယ်၊ ကံရွှေကူအုပ်စု ပန်းပြင်ကျေးရွာတွင်နေသည့် ကျေးရွာခွဲတာဝန်ခံ ဦးလူမြင့်(ခ)ဦးမှုံစီ၏ နေအိမ်သို့ PDF များရောက်ရှိလာပြီး ထိုအမျိုးသားကို လက်ပြန်ကြိုးတုပ်၍ အသံချဲ့စက်မိုက်ကိုပါယူဆောင်ကာ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။
ထို့ကြောင့် ဦးလူမြင့် ( ခ) ဦးမှုံစီ၏ မိသားစုဝင်များမှ လိုက်လံရှာဖွေရာ ယနေ့နံနက်အစောပိုင်းတွင် ပန်းပြင်ကျေးရွာအနောက်ဘက် (၁)မို င်(၇)ဖာလုံခန့်အကွာ၊ ကျွန်းရင်းကျေးရွာ၏ မြောက်ဘက် သရက်တော- ဆင်ဖြူကျွန်းသွားမြေနီလမ်းဘေးဝဲဘက်ခြမ်းဇရပ်အနီးတွင် ဦးလူမြင့် (ခ) ဦးမှုံစီ၏ သေဆုံးနေသည့် ရုပ်အလောင်းအားတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ သတ်ဖြတ်ခံရသည့် အမျိုးသား၏ ဦးခေါင်းဘယ်ဘက်ထိပ်တွင် ကျည်ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ဘယ်ဘက်ပါးရိုးတွင် ကျည်ဖောက်ဝင်ဒဏ်ရာ(၁)ချက်တို့နှင့် ဦးနှောက်ပွင့်ထွက် ဒဏ်ရာများရရှိ သေဆုံးနေသောကြောင့် ရုပ်အလောင်းကို စလင်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။