၂၅. ၃. ၂၀၂၄
Written by Nay Moe
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စုကျေးရွာအုပ်ချုပ်ရေးမှူးသားအဖကို ကြို့ပင်ကောက် PDF တွေက ဝင်ရောက်ဖမ်းဆီးပြီး လည်လှီးသတ်ဖြတ်လိုက်တယ်လို့ NUG လက်အောက်ခံအဖွဲ့ဖြစ်ပြီး ပဲခူးရိုးမအခြေပြုလှုပ်ရှားတဲ့ BTZM GBK PDF အဖွဲ့က ဒီညထုတ်ပြန်ပါတယ်။
BTZM GBK PDF အဖွဲ့က ရုံးချောင်းရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးသောင်းကြည်နဲ့ သားဖြစ်သူကိုနိုးတူးကို မတ်လ ၂၄ ရက် အုပ်စုနှစ်စုနဲ့ နှစ်နေရာခွဲပြီး ရှာဖွေသတ်ဖြတ်ရာမှာ အုပ်ချုပ်ရေးမှူးဦးသောင်းကြည်ကို ဖမ်းမိပေမဲ့ သားဖြစ်သူကိုနိုးတူးကတော့ လွတ်မြောက်သွားခဲ့ပါတယ်။ BTZM GBK PDF အဖွဲ့က ဖမ်းမိတဲ့ဦးသောင်းကြည်ကို လက်ပြန်ကြိုးတုပ်ပြီး လည်လှီးသတ်ဖြတ်လိုက်တယ်လို့လည်း သိရပါတယ်။
ပဲခူးတိုင်းဟာ အုပ်ချုပ်ရေးမှူးတွေ အများအပြား သတ်ဖြတ်ခံရတဲ့တိုင်းတစ်ခုဖြစ်သလို နွေဦးတော်လှန်ရေးစတင်တဲ့အချိန်ကနေ ၂၀၂၄ ခုနှစ် မတ်လ ၅ ရက်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ဆရာဆရာမ အပါအဝင် နိုင်ငံ့ဝန်ထမ်း ၁၁၂၄ ဦးနဲ့ ကျောင်းသားကျောင်းသူတွေစတဲ့ ပြည်သူ ၇၀၀၀ ကျော်ဟာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ NLD, NUG, PDF နဲ့ EAOs တို့ရဲ့ သတ်ဖြတ်မှု ခံထားရပါတယ်။