၂၅.၃.၂၀၂၄
Written by KL
မြိတ်မြို့၊ တရုတ်တန်းရပ်၊ အေးချမ်းဖြူစင်လမ်း၊ ဓမ္မရတနာကျောင်းရှေ့ရှိ နေအိမ်တစ်လုံးတွင် အုန်းပင်လှဲရာမှ နေအိမ်ပေါ်ပိမိ၍ အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးမှု မတ်လ ၂၃ ရက် မွန်းလွဲ၂နာရီက ဖြစ်ပွားခဲ့သည်။
နေအိမ်နှင့်ကပ်လျက်ရှိသော အုန်းပင်ကို ခုတ်လှဲချရာ ကြိုးဆွဲသည့်ဘက်ကို မကျဘဲ နေအိမ်ပေါ်သို့ကျရာမှ အိမ်ထဲတွင် မိခင်နှင့်အတူနေထိုင်သော မသွယ်နှင်းဇင်(၁၆နှစ်) ကို ထိခိုက်မိပြီး ဒဏ်ရာပြင်းထန်စွာရရှိကာ ဆေးရုံသို့ ပို့ဆောင်စဥ် သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
“ခုတ်တဲ့သူကလည်း အုန်းပင်ကို အပိုင်းလိုက်မခုတ်ဘဲ အပင်လိုက်ကြီးလှဲချတာ။ အုန်းပင်ခုတ်နေရင် အိမ်ပေါ်မှာနေထိုင်တဲ့သူကလည်း သတိထားသင့်တယ်။ အပင်ခုတ်ရင် အနားမှာလူနေထိုင်တာက အန္တရာယ်ရှိတယ်လေ ”ဟုဒေသခံတစ်ဦးကဆိုသည်။
ဆေးရုံအရောက်တွင်သေဆုံးခဲ့သော မိန်းကလေး၏ရုပ်အလောင်းကို မိသားစုဆန္ဒအရ ပုလဲသွေးနှင့်ကျန်းမာရေး ပရဟိတအသင်းက နေအိမ်သို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။