September 19, 2024

၂၅.၃.၂၀၂၄
Translated by Htwe Ko Tun

နယ်သာလန်နိုင်ငံ၊ သည်ဟိ့ဂ်မြို့ရှိ ဓာတုလက်နက်များသုံးစွဲမှုတားမြစ်ရေးအဖွဲ့အစည်း OPCW သို့ ရုရှားအစိုးရ၏ အမြဲ တမ်းကိုယ်စားလှယ် ဗလာဒီမာတာရာဘင်က ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် စစ်ပွဲဥပဒေကို ချိုးဖောက်ကာ ရုရှားနှင့်ယူကရိန်းစစ်ပွဲတွင် ဓာတုလက်နက်များသုံးစွဲလာနေကြောင်း Izvestiya မီဒီယာနှင့် တွေ့ဆုံမေးမြန်းပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။

အထူးစစ်ဆင်ရေးအတွင်း ယူကရိန်းတပ်ဖွဲ့ဝင်များက အမေရိကန်လုပ် ဓာတုစစ်လက်နက်ပစ္စည်းများ သုံးစွဲနေသည်ကိုတွေ့ခဲ့ရကြောင်း၊ လစ်တာ ၂၀၀ ရှိ ဓာတုပစ္စည်းစည်များကို တင်ချစဉ် ယူကရိန်းတပ်ဖွဲ့ဝင်လေးဦး ပြင်းထန်စွာဓာတုလောင်ကျွမ်းကာ အဆိပ်သင့်ခဲ့ကြောင်းလည်း တာရာဘင်က ပြောခဲ့သည်။

ထို့ပြင် ၎င်းက ယူကရိန်းတွင် ပြည်ပကြေးစားစစ်သားများရှိနေသည်က ဖုံးကွယ်၍မရကြောင်း၊ အမေရိကန်မှ ပုဂ္ဂလိက စစ်ဖက်အဖွဲ့အစည်းများစွာက ယူကရိန်းတွင်ရောက်ရှိနေကြသည်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ပထမဆုံးစတင်သတိပြုမိကြောင်း ဆက်လက်ပြောခဲ့သည်။

စစ်ပွဲ၌ ယူကရိန်းအနေဖြင့် အခြေအနေခက်ခဲဆိုးဝါးလာသည်နှင့် ယူကရိန်းတပ်ဖွဲ့များက ခေတ်သစ်နာဇီများကဲ့သို့ တိုးပွားရန်လိုလာကြကြောင်း၊ ၎င်းတို့၏ အနောက်အုပ်စု ရုပ်သေးကြိုးဆွဲဆရာကြီးများ၏ ထောက်ပံ့မှုဖြင့် ရန်စမှုအမျိုးမျိုးပြုလုပ်လာကြရာတွင် ဓာတုလက်နက်များကိုပါအသုံးပြုလာကြခြင်းဟု တာရာဘင်က စွပ်စွဲပြောကြားသွားခဲ့သည်။

Ref-Tass

Leave a Reply

Your email address will not be published. Required fields are marked *