October 18, 2024

၁၀ – ၁၂ – ၂၀၂၂
Written By Naddy

DH Model Agency Co.Ltd မှ ကြီးမှူးကျင်းပသော Mister & Miss New Star Universe Myanmar 2022 ပြိုင်ပွဲတွင် အလှမယ် နှိုင်းမမှီ သည် Mandalay Winner ဆုအပြင် Title ဆုများဖြစ်သော BEST CATWALK ၊ POPULAR CHOICE နှင့် BEST PERS ALITY ကို ရရှိထားသူဖြစ်သည်။

၎င်းသည် အသက် ၁၈ နှစ်အရွယ်ဖြစ်ပြီး Grand Final Mister & Miss New Star Universe Myanmar 2023 သို့ မန္တလေးတိုင်းကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဥ်ပြိုင်မည်ဖြစ်သည်။

“အလှမယ်ပြိုင်ပွဲတွေကို ငယ်ငယ်ကတည်းက ဝါသနာပါခဲ့တာမို့ ခုလိုဆု Title အများကြီးရလို့ အတိုင်း မသိဝမ်းသာမိပါတယ်။ Miss Final ပြိုင်ပွဲကြီးကိုတော့ ဆက်လက်ယှဥ်ပြိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ လက်ရှိမှာတော့ ညီမ Body ၊ Beauty ၊ Brain စတာတွေ သေချာလေ့ကျင့်နေပါတယ်။ Catwalk ပိုင်းကိုလည်း ပိုကောင်းအောင် ထပ်မံလေ့ကျင့်နေပါတယ်။ Body ပိုင်းအတွက်လည်း Gym သေချာ လေ့ကျင့်နေပါတယ်။ ပြိုင်ပွဲဝင်တစ်ယောက်က ကိုယ်ကိုယ်ကိုယ့်လည်း ယုံကြည်မူရှိဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်”ဟု Mandalay Winner ဆုရှင် နှိုင်းမမှီက ပြောသည်။

ပြည်နယ်နှင့်တိုင်း အသီးသီးမှ အလှမောင်မယ် ၄၀ ပါဝင်ယှဥ်ပြိုင်ကြမည့် Mister & Miss New Star Universe Myanmar 2023 ပြိုင်ပွဲ Grand Final ကို ဇန်န၀ါရီလတွင် ရန်ကုန်မြို့၌ ကျင်းပမည် ဖြစ်သည်။

“ဆရာတို့ သင်ကြားပေးမှုကို အကောင်းဆုံးသင်ယူပြီး အကောင်းဆုံးယှဥ်ပြိုင်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ National Costume ကိုတော့ ဒီဇိုင်နာ ရန်ကင်းကုမုဒြာက စီစဥ်ပေးထားပါတယ်။ မန္တလေးတိုင်း ကိုယ်စားပြုမို့ အနုပညာယဥ်ကျေးမှုအမွေအနှစ်တွေ၊ ရှေးယခင်ခေတ် မိဖုရားတွေရဲ့ ထုံးတမ်းအစဥ်အလာတွေကို ချပြသွားမှာပါ။ ဆရာတို့နဲ့ လက်တွဲပြီးတော့ ပရဟိတလုပ်ငန်းတွေ အနုပညာလုပ်ငန်းတွေ ဆက်လုပ်ဖို့လည်း ရှိပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *