September 19, 2024

၂၅.၃.၂၀၂၄
Written by KL

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ အမှတ် ၇၅ သစ်စက်တွင် ယနေ့ မတ်လ ၂၅ ရက်၊ နံနက် ၄ နာရီ ၁၃ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပင်မသစ်ခွဲရုံတွင် စတင်မီးလောင်ကျွမ်းခဲ့သော မီးလောင်မှုကြောင့် သစ်ခွဲရုံအဆောက်အအုံ၊ သစ်ခွဲစက်နှင့်ဆက်စပ်ပစ္စည်းများ၊ အုပ်စုလိုက်ခွဲထားသော တန်ချိန် ၁၆ တန်ရှိသောသစ်များ မီးလောင်ဆုံးရှုံးခဲ့သည်။

“ပင်မသစ်ခွဲရုံကနေ စလောင်တာပါ။ သစ်တွေပုံထား​တော့ လောင်စာအားကောင်းပြီး ၂ နာရီကျော်လောက်ကို လောင်သွားတာ “ဟု မီးငြှိမ်းသတ်သူတစ်ဦးက ပြောသည်။

အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ မီးလောင်မှုအကြောင်းအရင်းနှင့် အရေးယူခံရသူကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

သစ်စက်မီးလောင်မှုကို စစ်ကိုင်းတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး၊ မုံရွာခရိုင်မီးသတ်စခန်း၊ မုံရွာမြို့နယ်မီးသတ်စခန်းနှင့် အရန်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဥ် ၉ စီး၊ ရေသယ်ယာဥ် ၉ စီးဖြင့် မီးသတ်တပ်ဖွဲ့ဝင် ၁၀၀ ခန့်ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *