September 17, 2024

၂၅.၃.၂၀၂၄
Written by Thin Zar

ကျောက်ပန်းတောင်းမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့တွင် တစ်ရက်တည်း အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ နေအိမ်၌ PDF အဖွဲ့ က သေနတ်ဖြင့်ပစ်ခတ်၍ သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ မတ်လ ၂၄ ရက် နံနက် ၈ နာရီကျော်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့၊ သပြေကိုင်းကျေးရွာတွင် နေထိုင်သည့် ကျေးရွာအုပ်ချုပ်ရေးမှူး၏နေအိမ်သို့ မော်တော်ဆိုင်ကယ်ဖြင့် PDF အဖွဲ့များရောက်ရှိလာပြီး နေအိမ်အတွင်း ရှိနေသည့် အုပ်ချုပ်ရေးမှူးကို သေနတ်ဖြင့်ပစ်ခတ်၍ ထိုအဖွဲ့မှမောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

ထိုသေနတ်ပစ်ခတ်ခံရမူကြောင့် အသက် (၅၉) နှစ်အရွယ် သပြေကိုင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်တင်စိန်မှာ ကျည်ထိမှန်ဒဏ်ရာများရရှိ၍ သေဆုံးသွားကြောင်း သိရသည်။

ထို့အတူ မတ်လ ၂၃ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့၊ ရွေစကာကျေးရွာရှိ ရာအိမ်မှူး ဦးသန်းမြင့်နိုင်၏ နေအိမ်သို့ PDF များရောက်ရှိလာပြီး ထိုနေအိမ်အတွင်း ရှိနေသည့် ဦးသန်းမြင့်နိုင်ကို သေနတ်ဖြင့်ပစ်ခတ်သွားသောကြောင့် ကျည်ထိမှန်၍ သေဆုံးသွားကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့ကလည်း သဲကုန်းမြို့တွင် မော်တော်ဆိုင်ကယ်ဖြင့်ပြန်လာသည့် အုပ်ချုပ်ရေးမှူးနှင့်စာရေးဖြစ်သူတို့သေနတ်ပစ်ခံရ၍ အုပ်ချုပ်ရေးမှူးမှာ သေဆုံးပြီး စာရေးမှာ ဒဏ်ရာရရှိခဲ့သည်။

Photo – Credit

Leave a Reply

Your email address will not be published. Required fields are marked *