September 19, 2024

၂၄. ၃. ၂၀၂၄
Written by Nay Moe

ဒီနေ့ တပေါင်းလပြည့်မနက်ပိုင်းမှာ ရန်ကုန်မြို့လယ်၊ မြို့တော်ခန်းမရှေ့၊ ဆောက်လက်စမဟာသင်္ကြန်မဏ္ဍပ်ကို PDF တွေက မိုင်းထောင်ဖောက်ခွဲမှု ပြုလုပ်ဖို့ကြိုးစားခဲ့တယ်လို့ MT News သတင်းဌာန ရရှိထားတဲ့ မှတ်တမ်းတွေအရ ကနဦး သိရပါတယ်။

MT News သတင်းဌာနက ရရှိထားတဲ့ ရုပ်သံဖိုင်တွေအရ သက်လတ်ပိုင်းအမျိုးသားနှစ်ယောက်ဟာ မြို့တော်ခန်းမရှေ့က မဏ္ဍပ်ကို အလောသုံးဆယ်လမ်းလျှောက်လာရင်း ကျောမှာလွယ်ပိုးလာတဲ့အိတ်ကို ပြည်သူတွေကျွံဝင်မလာစေဖို့ကာထားတဲ့ လုံခြုံရေးအတားအဆီးထဲ ချပြီး ထွက်ပြေးသွားခဲ့တာပါ။

ဒီဖြစ်စဥ်မှာ ထွက်ပြေးတဲ့ PDF နှစ်ဦးကို မမိလိုက်ပေမဲ့ သူတို့ဖောက်ခွဲဖို့ကြိုးစားတဲ့ကျောပိုးအိတ်ကို လုံခြုံရေးတာဝန်ရှိသူတွေက ဖယ်ရှားရှင်းလင်းနိုင်ခဲ့သလို ဖောက်ခွဲဖို့ကြိုးစားတဲ့ PDF တွေကို ဖမ်းဆီးနိုင်ဖို့လည်း ကြိုးစားနေတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့တော်ခန်းမရဲ့ မဏ္ဍပ်ကို ၂၀၂၂ ခုနှစ်ကစပြီး Dark Shadow အပါအဝင် PDF တွေက သုံးနှစ်ဆက်တိုက် ဖောက်ခွဲတိုက်ခိုက်ပေမဲ့ ဒီနေ့ဖြစ်စဥ်လိုပဲ ဖောက်ခွဲမှုတိုင်းကမအောင်မြင်တာ တွေ့ရသလို MT News သတင်းဌာနအနေနဲ့လည်း ဒီနေ့ဖြစ်စဥ်အပေါ် တာဝန်ရှိသူအသီးသီးထံ အတည်ပြုနေပြီး ကနဦးသိရှိရတာ မှန်ကန်မှုရှိမရှိဆိုတာနဲ့ ဖြစ်စဥ်အသေးစိတ်ကို ဆက်လက်တင်ပြပါ့မယ်။

Leave a Reply

Your email address will not be published. Required fields are marked *