MT News
Written by Nay Moe
ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီဒေသ၌ ခမရ ၃၁၂ နှင့် MNDAA တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ လခရတပ်ဘက်မှ ၃ ဦးကျခဲ့ကြောင်း MNDAA က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၈ ရက် နံနက် ၁၁ နာရီ ၅၃ မိနစ်ခန့်က အရှေ့မြောက်စစ်ဒေသ ခမရ ၃၁၂ တပ်ရင်းမှ တပ်ဖွဲ့ဝင် ၁၀၀ နီးပါးသည် လားရှိုး- ကွမ်းလုံလမ်းကြောင်းရှိ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တပ်မဟာ (၂၁၁) ၏ တပ်ရင်းအချို့ထံ ချဉ်းကပ်လာခဲ့သည်။
ထို့ကြောင့် နံနက် ၁၁ နာရီ ၅၃ မိနစ်တွင် နှစ်ဘက်အကြား မူပန်ခရိုင်(သိန္နီဒေသ)တွင် ပြင်းထန်သော တိုက်ပွဲများ စတင်ခဲ့ပြီးနောက် နေ့လည် ၁ နာရီ ၆ မိနစ်အထိ ကြိုကြားကြိုကြား ပစ်ခတ်မှုအဖြစ်သို့ ပြောင်းလဲခဲ့သည်။
တိုက်ပွဲများအတွင်း ခမရ ၃၁၂ မှ အနည်းဆုံး ၃ ဦးကျပြီး ဒဏ်ရာရရှိသူများလည်း ရှိကာ MNDAA မှ ၂ ဦး လက်မောင်းတွင် ကျည်ထိမှန်ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်ဟု သိရသည်။