September 19, 2024

၂၄. ၃. ၂၀၂၄
Written by Thettant

ဒီ​နေ့ည ထိုင်းနိုင်ငံမှာ ထိုးသတ်တဲ့ Thai Fight ပွဲမှာ ပညာနည်းပေမဲ့ အထိုးခံနိုင်လို့နာမည်ကြီးနေတဲ့ မင်းရဲကျော်စွာ (ခ)အောင်ဟိန်းနဲ့ မွေထိုင်းဂန္တဝင် မွေကဝေဆန်ချိုင်းတို့ပွဲ၊ ထိုင်းမှာနာမည်ကြီးစ မြန်မာဖိုက်တာရဲရင့်နောင်နဲ့ ၁၉ နှစ်သား ထိုင်းဖိုက်တာခွန်ဆူလက်တို့ ထိုးသတ်ပွဲတွေ ရှိခဲ့ပေမဲ့ မြန်မာတွေကတော့ နှစ်ပွဲစလုံး မရှုမလှရှုံးပါတယ်။

၁၉ နှစ်နဲ့ ၅၆ ပွဲနိုင်ထားပြီး ၂၁ ပွဲ ရှုံးထားတဲ့ ခွန်ဆူလက်ကို ပထမအချီမှာတော့ ရဲရင့်နောင် ပွဲသိမ်းခြေ၊ ပွဲသိမ်းလက်သီးတွေနဲ့ ထိုးသတ်နိုင်ခဲ့တာပါ။ ဒါပေမဲ့ ဒုတိယအချီပွဲအစမှာတော့ ခွန်ဆူလက်ရဲ့ တံတောင်တွေနဲ့ အလဲထိုးခံလိုက်ရပြီး ရဲရင့်နောင်တစ်ယောက် မရဲရင့်နိုင်တော့ဘဲ ၁၉ နှစ်သား မွေထိုင်းဖိုက်တာကို အလဲထိုးနဲ့ ရှုံးတော့တာပါပဲ။

ဒီလိုပဲ လက်ရှိမွေကဝေဖခင်ကြီးလို့ ထိုင်းကအသိအမှတ်ပြုထားပြီး လက်ဝှေ့ပညာနိမ့်ပေမဲ့ အထိုးခံနိုင်တဲ့ မင်းရဲကျော်စွာနဲ့ ပွဲအတည်ခံရတဲ့ပွဲမှာလည်း မွေဘုရင် ဆန်ချိုင်းက အသက် ၄၃ နှစ်ပေမဲ့ သူ့သားလောက် မင်းရဲကျော်စွာကို ပညာရော၊ သဘာရော၊ ထိုးသတ်နိုင်စွမ်းနဲ့ ခံနိုင်ရည်ပါပြပြီး ပထမအချီတင်အလဲထိုးနဲ့အနိုင်ယူသွားပါတယ်။ မင်းရဲကျော်စွာ လျှာထုတ်ပြရင်း အထိုးခံနေတဲ့ပုံကနာမည်ကျော်ပေမဲ့ ဒီနေ့ပွဲမှာတော့ ဆန်ချိုင်းက သူ့ထက်အသက် ၂၀ ကျော်ငယ်တဲ့ မင်းရဲကျော်စွာကို သူ့လိုလျှာထုတ်ပြရင်း လှလှပပအလဲထိုးသွားတာပါပဲ။

မြန်မာ့ရိုးရာကျားတွေ ခမာမြေမှာ နိမ့်ရုံတင်မက မွေထိုင်းမှာပါ ပိုနိမ့်နေတဲ့သက်သေတွေ ဆက်တိုက်မြင်လာနေရသလို ဒီအားနည်းချက် ဘာတွေပြင်ဆင် မြှင့်တင်ရမလဲဆိုတာကတော့…။

Leave a Reply

Your email address will not be published. Required fields are marked *