September 19, 2024

ကျော်စွာဝင်းနဲ့ထိုးသတ်ချင်တယ်လို့ မန္တလာပရိသတ်ရှေ့ ရန်နိုင်ထွန်း စိန်ခေါ်

၄. ၃. ၂၀၂၄
Written by Thettant

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၉ ရက်ညက ခမာမြေမှာ မွေထိုင်းဖိုက်တာ Petchburapha နဲ့ ထိုးသတ်ချိန် ပထမပိုင်းပွဲမပြီးခင်မှာပဲ ကျော်စွာဝင်းကို ထိုးတဲ့လက်သီး ခေါင်းနဲ့ခံလိုက်တာကြောင့် ထိုင်းဖိုက်တာလက်ကျိုးလို့ ဒိုင်ပွဲရပ်နဲ့ နိုင်တဲ့ပွဲအပြီး ဒီနေ့ မတ် ၂၄ ရက်မှာ မွေထိုင်းဖိုက်တာ ဖားဆိုလနဲ့ ကျော်စွာဝင်းတို့ မန္တလာမြေမှာ ထိုးသတ်ကြရာမှာ ကျော်စွာဝင်းက တတိယအချီမှာပဲ အလဲထိုးနဲ့အနိုင်ရသွားခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ်မှာ လက်ဝှေ့ပွဲ ၉၂ ပွဲထိုးသတ်ထားပြီး ရှုံးပွဲမရှိသေးတဲ့ ကျော်စွာဝင်းရဲ့ သရေပွဲထဲမှာလည်း သွေးသစ်ဝင်းလှိုင်လို မြန်မာပြည်ချန်ပီယံကို နှစ်ကျော့စလုံးဂုဏ်မငယ်ရတဲ့သရေပွဲတွေနဲ့ ထိုးသတ်ထားသလို ဖားဆိုလကလည်း ပွဲ ၁၀၀ မှာ ထိုးသတ်ပွဲ ၈၀ အနိုင်ရထားပြီး ရှုံးပွဲ ၂၀ မို့ မခေတဲ့ဖိုက်တာဖြစ်ပေမဲ့ မွေးရပ်​မြေကို အနိုင်နဲ့နှုတ်ဆက်ချင်တဲ့ ကျော်စွာဝင်းရဲ့ အစွယ်ချွန်မှုအောက်မှာ ဖားဆိုလအဖို့ မျက်နှာငယ်စရာရှုံးပွဲတိုးတော့တာပါ။

မန္တလာသီရိမှာထိုးသတ်တဲ့ဒီပွဲမှာ ကျော်စွာဝင်းက ပထမအချီကတည်းက တိုက်စစ်ဖွင့်တာပါ။ ဒါပေမဲ့ ဖားဆိုလကလည်း ကျော်စွာဝင်းကို ကပ်ထိုးလို့မရအောင် ထောက်ခြေတွေ၊ ထောက်လက်သီးတွေ၊ ဝင်လုံးရင် ကိုင်ပေါက်တာတွေနဲ့ အရပ်အမောင်းအားသာချက်အသုံးချပြီး ပါးပါးနပ်နပ်ထိုးသတ်ခဲ့တာပါ။ ဒီနေ့ပွဲမှာ ရယ်စရာကတော့ ဖားဆိုလက ကြိုးဝိုင်းရဲ့ ကန်အားကိုယူပြီးတိုက်စစ်ဖွင့်ချင်ပုံနဲ့ ​ကြိုးဝိုင်းကိုကပ်ပြီး ကြိုးကန်အားနဲ့အရှိန်ယူထိုးဖို့ကြံပေမဲ့ ကြိုးဝိုင်းရဲ့ကြိုးကသူအားယူလောက်အောင် ကန်အားမကောင်းတာကြောင့် သူပဲကြိုးဝိုင်းအပြင် လန်ကျမလိုဖြစ်နေရတာပါ။ ဒုတိယအချီမှာတော့ အရပ်ငါးလက်မလောက်ပိုပုတဲ့ကျော်စွာဝင်းက အတင်းဝင်လုံး၊ အတင်းဝင်ထိုးချိန်မှာတော့ ဖားဆိုလအမှတ်စဥ်ရေခံရပြီး အနားတောင်းရတော့တာပါ။ အနားတောင်းပြီး လက်ကျန်တစ်မိနစ်ကျော်အချိန်နဲ့ တတိယအချီမှာ မန္တလာကျားရိုင်းကျော်စွာဝင်းရဲ့ တရစပ်ထိုးသတ်မှုတွေပဲ ဖားဆိုလခံလိုက်ရပြီး အလဲထိုးခံရလို့အမှတ်စဥ်ရေပြီးတာတောင် လှူပ်နိုင်ထနိုင်တာမမြင်ရတော့တဲ့အထိကို အခြေအနေဆိုးခဲ့ပါတော့တယ်။

ဒီနေ့ပွဲမှာ ထူးခြားချက်က ဒုခေါင်ပွဲမှာ သက်ဝင်းအောင်ကိုအလဲထိုးအနိုင်ရသူ ရန်နိုင်ထွန်းက သွေးသစ်ဝင်းလှိုင်နဲ့ ကျော်စွာဝင်းကို သူ့အိမ်ကွင်းမွေးရပ်မြေက မန္တလာပရိသတ်ရှေ့မှာ စိန်ခေါ်သွားခဲ့တာပါ။

ရန်နိုင်ထွန်းက ကျော်စွာဝင်းကို သူ့မွေးရပ်မြေမန္တလာပရိသတ်ရှေ့စိန်ခေါ်သွားတာ၊ လတ်တလောကျော်စွာဝင်းရဲ့ပြည်တွင်းပြည်ပပွဲမကြားရသေးတာကြောင့် စိန်ခေါ်သူရန်နိုင်ထွန်းနဲ့ ကျော်စွာဝင်းတို့ တွဲဆိုင်း မကြာခင်မြင်ရမလားဆိုတာကတော့… ။

Leave a Reply

Your email address will not be published. Required fields are marked *