September 20, 2024

၂၄.၃.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်(င/က)ရပ်ကွက်၊ပန်းရိုက်လမ်းရှိ ဆန်စက်ဝန်းအဟောင်းတွင် မတ်လ၂၄ ရက် နံနက် ၁၀ နာရီခွဲခန့်က လူမရှိဘဲ ဖယောင်းတိုင်ဖြင့် ဘုရားမီးပူဇော်ရာမှ အိမ်ခြေ ၁၁ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဥ်ခင်း ၂ ထပ် နေအိမ် ၉ လုံးနှင့် သွပ်မိုး၊ ပျဥ်ခင်း ၁ ထပ်နေအိမ် ၂ လုံး စုစုပေါင်း ​နေအိမ် ၁၁ လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ပြီး လူ ၂၂ ဦး မီးဘေးသင့်ခဲ့ကြသည်။

“၅၀ ပတ်လည် ခြံဝင်းထဲမှာ အိမ်သေးသေးတွေ အများကြီး ကပ်ဆောက်ထားတော့ မီးလောင်တဲ့အခါ လောင်အားကောင်းသွားတာ”ဟု မီးငြှိမ်းသတ်သူတစ်ဦးက ပြောသည်။

မီးလောင်မှုမှာ မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ပြီး မီးငြှိမ်းသတ်ယာဥ် ၁၂ စီး၊ ရေသယ်ယာဥ် ၄ စီး၊ အထောက်အကူပြုယာဥ် ၁ စီးနှင့် မီးသတ်တပ်ဖွဲ့ဝင် ၁၁၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ နေအိမ် ၁၁ လုံးမီးလောင်မှုကြောင့် အသက် ၄၂ နှစ်အရွယ် ဒေါ်အေးအေးစိုးကို ပုဒ်မ ၂၈၅ ဖြင့် သုဝဏ္ဏနယ်မြေရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။

လတ်တလောတွင် မီးဘေးသင့်သော အိမ်ထောင်စု ၆ စု၊ လူဦးရေ ၂၂ ဦးမှာ ပန်းရိုက်လမ်းရှိ ရှင်ဥပဂုတ္တရဟန္တာကျောင်းဓမ္မရုံတွင် ကယ်ဆယ်ရေးစခန်းဖွင့်ကာ ခေတ္တနေထိုင်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *