September 20, 2024

၂၄.၃. ၂၀၂၄
Written by Nay Moe

ဖမ်းဆီးထားတဲ့ပြည်သူတစ်ဦးကို လက်နက်အားကိုးနဲ့ ပစ်သတ်လိုက်တဲ့ KNDF တပ်ဖွဲ့ဝင်နှစ်ဦးကို ထောင် နှစ် ၂၀ နဲ့ တစ်လစီချလိုက်တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) က ​ပြောပါတယ်။

ဖြစ်စဥ်က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက် ည ၁၁ နာရီဝန်းကျင်မှာ အသက်(၂၇)နှစ်အရွယ် ပီကင်းကောခူရွာမှာ နေထိုင်တဲ့အရပ်သားတစ်ဦီးကို ရပ်ရွာအတွင်း မူးယစ်ရမ်းကားမှု စွဲချက်နဲ့ ဖမ်းဆီးထိန်းသိမ်းထားချိန် KNDF တပ်ဖွဲ့ဝင်တချို့က ပေးအပ်ထားတဲ့လက်နက်ကို အသုံးပြုပြီး မလျော်ကန်တဲ့ ပစ်ခတ်မှူကျုးလွန်တာကြောင့် လူသတ်မှုဖြစ်ပွားခဲ့တာပါ။

ဒါကြောင့် KNDF လက်နက်ကိုင်တွေရဲ့ လက်နက်အားကိုးနဲ့ ပြည်သူအပေါ်သတ်ဖြတ်မှုကို ဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့က ကနဦီးစုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီး ဖြစ်စဉ်အပေါ် စစ်ဘက်ဆိုင်ရာအက်ဥပဒေ ပုဒ်မ(၄၉)အရ ပထမအဆင့် ဗျူဟာစစ်ခုံရုံး စစ်ဆေးကြားနာမှုဆောင်ရွက်ကာ ပုဒ်မ(၄၈)အရ ဗဟိုစစ်တရားရုံးချူပ်ကို ဖွဲ့စည်းပြီး ဥပဒေပြဌာန်းချက်နဲ့အညီ ကျူးလွန်သူ KNDF တပ်သား (၂)ဦးကို စစ်အက်ဥပဒေ ပုဒ်မ(၂၂)၊ (၃၀)အရ ထောင်ဒဏ်(၂၀)နှစ်နှင့် (၁)လပြစ်ဒဏ်ခံယူဖို့ ဗဟိုစစ်ခုံရုံးအဖွဲ့က ဒီနေ့မှာ စီရင်ချက်ချမှတ်လိုက်တယ်လို့ KNDF က ပြောပါတယ်။

ဒီဖြစ်စဥ်မှာ KNDF တပ်ဖွဲ့ဝင်တွေ ပစ်သတ်လိုက်တဲ့ပြည်သူရဲ့နာမည်ကို ဖော်ပြမထားသလို ပြစ်ဒဏ်စီရင်ခံရတယ်ဆိုတဲ့ လက်နက်အားကိုးသတ်ဖြတ်သူတရားခံနှစ်ဦးရဲ့ နာမည်ကိုလည်း ဖော်ပြမထားတဲ့အတွက် အမှန်တကယ်ပြစ်ဒဏ်ချမချကတော့ ဘယ်သူမှ သိရှိနိုင်မှာ မဟုတ်ပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *