September 20, 2024

၂၄.၃.၂၀၂၄
Written by Thin Zar

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ တန့်ဆည်မြို့၊ ဖန်ခါးစင်ကျေးရွာအနီးတွင် PDF ( ၃) လောင်းနှင့်အတူ လက်နက်ခဲယမ်းများကို လုံခြုံရေးတပ်ဖွဲ့မှ သိမ်းဆည်းရရှိကြောင်း သိရသည်။

မတ်လ ၂၃ ရက် ညနေ ၅ နာရီကျော်တွင် လုံခြုံရေးတပ်ဖွဲ့မှ တန်ဆည်မြို့ရှိ ကျေးရွာတချို့ကို နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဥ် ဖန်ခါးစင်ကျေးရွာအနီး၌ လုံခြုံရေးတပ်ဖွဲ့နှင့် PDF တို့ အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထိုပစ်ခတ်ရာတွင် PDF အလောင်း ( ၃) လောင်း၊ ၎င်းတို့ကိုင်ဆောင်သည့် အေကေ-၄၇ သေနတ် ၁ လက်၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ အေကေ-၄၇ ကျည်အိမ် ၁ ခု၊ အေကေ-၄၇ ကျည်ဆံ ၁၅ တောင့်နှင့်အတူ လက်လုပ်စိန်ပြောင်းဗုံးသီး ၂ လုံးတို့ကို လုံခြုံရေးတပ်ဖွဲ့မှ သိမ်းဆည်းရရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်ကလည်း တန့်ဆည်မြို့နယ် ရွာသစ်ကျေးရွာအနီးတွင် KIA/PDF အလောင်း ( ၄)လောင်းနှင့်အတူ လက်နက်ခဲယမ်းများကို လုံခြုံရေးတပ်ဖွဲ့မှ သိမ်းဆည်းရရှိခဲ့သည်။

Photo -Credit

Leave a Reply

Your email address will not be published. Required fields are marked *