September 20, 2024

၂၄. ၃. ၂၀၂၄
Translated by Thettant

အာသံရိုင်ဖယ်တပ်နဲ့ မီဇိုရမ်ရဲတပ်ဖွဲ့ ပူးပေါင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နဲ့ မြန်မာနယ်စပ်မျဥ်းနားပေါ်က ဇို့ခွာသာရွာပတ်လည်မှာ ပူးပေါင်းစစ်ဆင်ရေးပြုလုပ်ချိန် ချင်းလူမျိုး မြန်မာနိုင်ငံသားတစ်ဦးကို လက်နက်ခဲယမ်းအများအပြားနဲ့ မတ်လ ၂၂ ရက်က ဖမ်းဆီးမိခဲ့ပါတယ်။

ဖလမ်းမြို့မှာနေထိုင်တဲ့ ချင်းတိုင်းရင်းသား မြန်မာနိုင်ငံသားဆီက M4 ရိုင်ဖယ်တစ်လက်နဲ့ ကျည်ကတ်၊ ဂျာမန်ပစ္စတိုတစ်လက်နဲ့ ကျည်ကတ်၊ နှစ်လုံးပူးရိုင်ဖယ် သေနတ်နှစ်လက်၊ တစ်လုံးထိုးရိုင်ဖယ်သေနတ်နှစ်လက်၊ ၅.၅၆ မမကျည်တောင့် ၂၀၊ ၉မမ ကျည် ၆ တောင့်နဲ့ ကျည်ကာဦးထုပ်နှစ်လုံးတို့ ဖမ်းမိခဲ့တာဖြစ်ပါတယ်။

အိန္ဒိယလုံခြုံရေးပူးပေါင်းတပ်ဖွဲ့က ဖမ်းမိတရားခံချင်းတိုင်းရင်းသားကို တရားမဝင်လက်နက်ခဲယမ်းသယ်ဆောင်မှုနဲ့ဖမ်းဆီးခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဖမ်းမိတရားခံကို ဇို့ခွာသာ ရဲတပ်ဖွဲ့ဆီ လွှဲပြောင်းပေးခဲ့ပြီး ဥပဒေနဲ့အညီဆက်လက်အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့ကလည်း မီဇိုရမ်ရဲနဲ့အာသံရိုင်ဖယ်ပူးပေါင်းတပ်ကပဲ မြန်မာနိုင်ငံသား ချင်းလင်မယားထံကနေ မိုင်းနဲ့ဆက်စပ်ပစ္စည်းရာချီဖမ်းမိခဲ့ပါသေးတယ်။

မြန်မာဘက်က ချင်းလက်နက်ကိုင်တွေဟာ ဖောက်ခွဲရေးပစ္စည်းတွေ၊ စစ်အသုံးအဆောင်ပစ္စည်းတွေ၊ ရွှေမှောင်ခိုနဲ့ မူးယစ်ဆေးကုန်ကူးတာတွေကို အိန္ဒိယနိုင်ငံဘက်ဆီ အဓိကလုပ်ဆောင်နေတာနဲ့ လက်ရှိမြန်မာဘက်ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် အိန္ဒိယနိုင်ငံဘက်က လုံခြုံရေးတင်းကျပ်ထားသလို မြန်မာနဲ့အိန္ဒိယနိုင်ငံကြား လွတ်လပ်စွာသွားလာခွင့် FMR ကို ဖျက်သိမ်းပြီး နယ်စပ်ခြံစည်းရိုးခတ်ဖို့လုပ်ဆောင်နေချိန်မှာ ချင်း PDF တွေနဲ့ ဆက်နွှယ်နေတဲ့ မူးယစ်နဲ့လက်နက်မှောင်ခိုသမားတွေ ဖမ်းဆီးခံရမှုပိုများလာနေတာဖြစ်ပါတယ်။

Ref, Bengvarna

Leave a Reply

Your email address will not be published. Required fields are marked *