MT News
Written by Nay Aung
အင်ဒိုနီးရှားနိုင်ငံက လာမည့်နှစ်တွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်အတွင်း မြန်မာနိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်ရေးအပါအဝင် ဒေသတွင်းကိစ္စများကိုဖြေရှင်းနိုင်ရန် ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အာဆီယံဆိုင်ရာဥရောပသမဂ္ဂ၏ သံအမတ်ကြီး အိုင်ဂေါ် ဒရိုင်ရက်စ်မန်ကထုတ်ဖော်ပြောဆိုလိုက်သည်။
မြန်မာ့နိုင်ငံရေးအခက်အခဲကို ဖြေရှင်းရေးအတွက် အင်ဒိုနီးရှားနိုင်ငံအပေါ် မျှော်လင့်ချက် ကြီးမားမှုများရှိနေကြောင်းလည်း သံအမတ်ကြီး အိုင်ဂေါ်ကထုတ်ဖော်ပြောဆိုလိုက်သည်။
“အင်ဒိုနီးရှားနိုင်ငံမှာ နိုင်ငံရေးဆန္ဒရှိနေပြီး ၂ နှစ်နီးပါးကြာဖြစ်နေတဲ့ မြန်မာနိုင်ငံရေးအခြေအနေနဲ့ပတ်သက်လို့ တစ်စုံတစ်ခုလုပ်ဖို့ နိုင်ငံရေးသြဇာရှိရမှာဖြစ်တယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ဒေသအတွင်းတည်ငြိမ်ဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိစေဖို့ မြန်မာ့နိုင်ငံရေး အခက်အခဲကို အဖြေရှာဖို့အတွက်အမှန်တကယ်တွန်းအားပေးလုပ်ဆောင်မယ်လို့ ထင်မိပါတယ်။ မြန်မာ့နိုင်ငံရေးအခြေအနေက အဖြေရှာဖို့ လွယ်ကူတဲ့ကိစ္စတစ်ခု မဟုတ်ပေမယ့် ဥရောပသမဂ္ဂဟာ အင်ဒိုနီးရှားနိုင်ငံကိုအပြည့်အဝ အားပေးထောက်ခံသွားမှာပါ၊” ဟုသံအမတ်ကြီးကဆိုသည်။
အာဆီယံ၏ ပဋိညာဥ်ဏ်ထဲတွင် အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်ခြင်းများမလုပ်ရန် သတ်မှတ်ဖော်ပြထားသော်လည်း မြန်မာနိုင်ငံ၏ နိုင်ငံရေးအခက်အခဲကိုဖြေရှင်းနိုင်ရန် ပြင်းထန်သည့် ရပ်တည်ချက်များ လုပ်ဆောင်ရဖွယ်ရှိနေကြောင်း သံအမတ်ကြီး အိုင်ဂေါ်ကပြောသည်။
အာဆီယံသဘောတူညီချက်ငါးချက်သည် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိရန်အတွက် ခိုင်မာကောင်းမွန်သည့် မူဘောင်ဖြစ်သော်လည်း အပြည့်အဝ အကောင်ထည်ဖော်နိုင်ခြင်းမရှိသေးကြောင်း အာဆီယံဆိုင်ရာဥရောပသမဂ္ဂ၏ သံအမတ်ကြီး က ဆက်လက်ပြောသည်။
Ref, channelnewsasia