October 20, 2024

၂၄. ၃. ၂၀၂၄
Written by Nay Moe

ကျိုက်ထီးရိုးဘုရားဖူးတွေကို တိုက်ခိုက်သတ်ဖြတ်ခဲ့တဲ့ ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF) PDF အဖွဲ့က တောင်ကလေးကျေးရွာ အုပ်ချုပ်ရေးမှူးကို ဒီနေ့ပစ်သတ်လိုက်တယ်လို့ ထုတ်ပြန်ပါတယ်။

ဖြစ်စဥ်က ဒီနေ့ မတ်လ ၂၄ ရက်၊ မနက် ၉ နာရီ ၃ မိနစ်အချိန်မှာ ကျိုက်ထိုမြို့နယ်၊ တောင်ကလေးကျေးရွာရဲ့ အုပ်ချုပ်ရေးမှူးအသစ် ဦးစံလွင်ဟာ နေအိမ်ကနေ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးဆီကိုအသွား ခ.မ.ရ(၂) စစ်တပ်အနီး လမ်းခုလတ်နေရာမှာ ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) နဲ့ ကျိုက်ထို ပကဖ ပူးပေါင်းအဖွဲ့က စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီး သတ်ဖြတ်လိုက်တာဖြစ်ပြီး လက်နက်မဲ့အုပ်ချုပ်ရေးမှူးဦးစံလွင်က PDF နှစ်ဖွဲ့ပူးပေါင်းချောင်းမြောင်းပစ်ခတ်တာကြောင့် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

အုပ်ချုပ်ရေးမှူး ဦးစံလွင်ဟာ တောင်ကလေးကျေးရွာအုပ်စုက အင်းဝကျေးရွာ၊ ကွင်းကလေးကျေးရွာနဲ့ တောင်ကလေးကျေးရွာက လူငယ်/လူရွယ်တွေကို စစ်မှုထမ်းဖို့ စာရင်းကောက်ခံတာ၊ စုဆောင်းတာတို့ကို လုပ်ဆောင်နေပြီး မနက်ဖြန်မှာလည်း မဲနှိုက်ပွဲပြုလုပ်ပြီး လူငယ်တွေ စစ်မှုထမ်းဖို့လုပ်နေတာကြောင့် သတ်ဖြတ်တာလို့လည်း KRF က ပြောပါတယ်။

KRF အဖွဲ့ဟာ အဂတိလိုက်စားမှုပေါင်းများစွာနဲ့ ထောင်နှစ်ရှည်ကျခံနေရတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံရဲ့ ကိုယ်ရေးအရာရှိဟောင်း ရဲပြေးအေးမင်းထွန်းဦးဆောင်တဲ့အဖွဲ့ဖြစ်ပြီး သူတို့က ကျိုက်ထိုနယ်မှာ ကျက်စားသလို တံတားချိုးတာ၊ လူသတ်တာကို လုပ်ဆောင်နေတဲ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ အောက်တိုဘာ ၁၂ ရက်ကလည်း ကျိုက်ထီးရိုးဘုရားဖူးဂိတ်ကို ပစ်ခတ်တိုက်ခိုက်လို့ ဘုရားဖူးပြည်သူ ၄ ဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *