October 20, 2024

၂၄.၃.၂၀၂၄
Written By Thandar

ပရိသတ်အားပေးချစ်ခင်မှုကို ရရှိထားတဲ့ မင်းသားကြီး မြင်စိုင်းသားအောင်အောင်ဟာ အသက် ၇၄ နှစ်အရွယ် ယနေ့ မတ်လ ၂၄ ရက် နံနက် ၉ နာရီ ၂၅ မိနစ်မှာ နှလုံးရောဂါနဲ့ နေအိမ်မှာကွယ်လွန်ခဲ့တယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

“အိမ်မှာပဲ အဖေက နှလုံးရောဂါနဲ့ ဆုံးသွားတာပါ။ စိတ်အရမ်းထိခိုက်နေရပါတယ်။ အဖေ့အတွက် နာရေးနဲ့ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်နေကြတုန်းပါ” လို့ မြင်းစိုင်းသားအောင်အောင်ရဲ့ မိသားစုဝင်တစ်ဦးက MT Entertainment ကိုပြောပါတယ်။

သူ့ဟာတော့ သရုပ်ဆောင် ‌ဟေမာန်အောင်အောင်ရဲ့ ဖခင်လည်းဖြစ်ပါတယ်။ သရုပ်ဆောင် မြင်စိုင်းသားအောင်အောင် ဘဝတစ်ပါးကို ကူးပြောင်းသွားတဲ့‌အပေါ် အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးက စိတ်မကောင်းဖြစ်နေကြတာလည်း ဖြစ်ပါတယ်။

“အဖေ့အတွက်စိတ်ချမ်းသာပါတယ်။ အမေနဲ့သူတွေ့ရပြီမို့ ” လို့ သမီးဖြစ်သူ ဟေမာန်အောင်အောင်က ပရိသတ်သိအောင်ပြောလာပါတယ်။

မြင်စိုင်းသားအောင်အောင်ကတော့ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သာယာလမ်းရှိ အမှတ် ၆၅၃ နေအိမ်ကနေ မြောက်ဥက္ကလာမြို့နယ်ရှိ ရေဝေးသုသာန်မှာ သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *