October 20, 2024

၂၄. ၃. ၂၀၂၄
Translated by Thettant

ထိုင်းနိုင်ငံ ခွဲထွက်ရေး မွတ်စလင်မ်တွေ အများဆုံး နေထိုင်တဲ့ ထိုင်းနိုင်ငံ တောင်ဘက်စွန်းက ပြည်နယ် ၄ ခုမှာ ဗလီတက်ရက် သောကြာနေ့ မနက်အစောပိုင်းက နေရာ ၄၀ လောက်မှာ မီးရှို့မှု ဖြစ်ပွားခဲ့လို့ မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦး သေဆုံးသွားခဲ့ပါတယ်။

ထိုင်းတောင်ပိုင်း ပြည်နယ်လေးခုမှာ ဖြစ်ပွားခဲ့တဲ့ ဒီ တိုက်ခိုက်မှုတွေက မွတ်ဆလင်မ်အများစုနေထိုင်ရာ ဒေသရှိ ရာမဇန်ဥပုသ်လ ပျက်ပြားစေဖို့ စစ်သွေးကြွအဖွဲ့အသစ်ရဲ့ ကြိုးပမ်းမှုဖြစ်ဖွယ်ရှိတယ်လို့ထိုင်း တောင်ပိုင်းဒေသရဲ့တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး Santi Sakuntanark က ပြောပါတယ်။

နရသီဝပ်ပြည်နယ်မှာ မီးရှို့တိုက်ခိုက်သူတွေဟာ သောကြာနေ့ မနက် ၁ နာရီလောက်မှာ စျေးဆိုင်တွေ ကားတွေ ဖုန်းတိုင်တွေ မီးတိုင်တွေကို မီးရှို့ ဖျက်ဆီးခဲ့ကြတာ ဖြစ်ပြီး မာယိုခရိုင်က ဓာတ်ဆီဆိုင်တစ်ခုကို ဗုံးဖောက်ခွဲမှုဖျက်ဆီးမှုမှာ မြန်မာနိုင်ငံက ဆောက်လုပ်ရေးလုပ်သား အမျိုးသမီးတစ်ဦး ဗုံးစထိမှန်သေဆုံးမှု ဖြစ်ပွားခဲ့တာပါ။

ထိုင်းစစ်တပ်ရဲ့ ပြည်တွင်းလုံခြုံရေးနဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနကတော့ မွတ်ဆလင်မ်အစွန်းရောက်အကြမ်းတိုက်ခိုက်သူတွေက ယာလာပြည်နယ်မှာ ၁၁ မှု၊ ပတ္တနီပြည်နယ်မှာ အမှူ ၂၀၊ နရသီဝပ်ပြည်နယ်မှာ ၇ မှုနဲ့ ဆောင်ခလာပြည်နယ်မှာ ၂ မှု ကျုးလွန်တိုက်ခိုက်တာ ဖြစ်ပွားခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

မလေးရှားနိုင်ငံနဲ့ နယ်စပ်ချင်း ထိနေတဲ့ အဲဒီဒေသတွေမှာ ခွဲထွက်ရေး မွတ်ဆလင်မ်တွေဟာ ဆယ်စုနှစ်နဲ့ချီ အကြမ်းဖက် ပုန်ကန်နေတာဖြစ်ပြီး ထိုင်းနိုင်ငံတောင်ပိုင်း ပဋိပက္ခတွေက ၂၀၀၄ မှာ တကျော့ပြန် မြင့်တက်ခဲ့လာချိန်ကစလို့ ဒီနေ့အထိ လူပေါင်း ၇၃၀၀ သေဆုံးခဲ့ရပြီး လူပေါင်း ၁၄၀၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ အကြမ်းဖက်မှု စောင့်ကြည့်ရေးအဖွဲ့အစည်း Deep South Watch က ပြောပါတယ်။

မွတ်စလင်မ်အစွန်းရောက်အကြမ်းဖက် ISIS အဖွဲ့ကလည်း ဗလီတက်ရက်သောကြာနေ့မှာပဲ ရုရှားနိုင်ငံ မော်စကိုမြို့က ခရိုကပ်မြို့တော်ခန်းမကပွဲရုံကို ဝင်ပစ်ခတ်လို့ လူပေါင်း ၁၃၃ ဦးသေဆုံးပြီး ၁၄၀ ကျော် ဒဏ်ရာရခဲ့ပါသေးတယ်။

Ref; The Jakarta Post

Leave a Reply

Your email address will not be published. Required fields are marked *