October 20, 2024

၂၄.၃.၂၀၂၄
Written by KL

ရန်ကုန်တိုင်း​​ဒေသကြီး၊ လှည်းကူးမြို့နယ်၊ အမြန်လမ်းမကြီး မိုင်တိုင် 0/4 အနီး လမ်းဘေးတွင် ထိုးသွင်းပြတ်ရှ ဒဏ်ရာများဖြင့် သေဆုံးနေသော အမျိုးသားနှင့် အမျိုးသမီးတို့၏ ရုပ်အလောင်းကို မတ်လ ၂၃ ရက် နံနက် ၉ နာရီခွဲခန့်က တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသူ အမျိုးသားမှာ အသက် ၃၆ နှစ်ခန့်အရွယ်ရှိပြီး လက်မောင်း၂ ဖက်တွင် ပြတ်ရှဒဏ်ရာတစ်ချက်စီ၊ ရင်ဘတ်တွင် ထိုးသွင်းဒဏ်ရာတစ်ချက်ဖြင့် သေဆုံးနေပြီး အသက် ၂၇ နှစ်ခန့်အရွယ် အမျိုးသမီး၏ နောက်ကျောတွင် ထိုးသွင်းဒဏ်ရာတစ်ချက်ဖြင့်သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရသည်။

“လင်မယားတွေ ဖြစ်ဖို့များတယ်။ တစ်ယောက်တစ်နေရာစီမှာပဲ ဒဏ်ရာတွေနဲ့သေဆုံးနေတာ”ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

သေဆုံးသူ ၂ ဦး၏ရုပ်အလောင်းကို လှည်းကူးမြို့ ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ကရုဏာရှင်နာရေးကူညီမှုအသင်းထံမှ သိရသည်။ ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေမှုနှင့်ပတ်သက်၍ လှည်းကူးမြို့မရဲစခန်းက စစ်ဆေးလျက်ရှိကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *