October 20, 2024

၂၃.၃.၂၀၂၄
Written By Thandar

ဂီတဝါသနာရှင်တွေရဲ့ Myanmar Star Season 1 Grand Final သီချင်းဆိုပြိုင်ပွဲကြီးကို မတ်လ ၂၃ ရက် ညပိုင်းက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ Studio Canvas မှာကျင်းပခဲ့ရာ Winner ဆုကို Le Len@Ciin Len Nuam က ကျပ်သိန်း ၁၀၀၀ နဲ့အတူ ရွှေကြယ် ကျပ်သိန်း ၁၀၀ တို့ကို ဆုဆွတ်ခူးရရှိခဲ့ပါတယ်။

“ဒီပြိုင်ပွဲ စဝင်ကတည်းက ပြိုင်ပွဲဝင်တယ်လို့ မိဘကို ကြိုပြီးတော့ မပြောဘူးပေါ့နော်။ ညီမက စိတ်ထင်ရာလုပ်တတ်တဲ့ အထဲမှာပါတယ်။ မိဘနှစ်ပါး ကွဲကွာသွားတယ်ဆိုပေမယ့် အဝေးတစ်နေရာက မိဘနှစ်ပါး အမြဲတမ်းဆုတောင်းပေးတယ်။ အမြဲတမ်း စိတ်ကောင်းထားဖို့ ဆုံးမပေးတယ်။ စိတ်ဓာတ်ကြံ့ခိုင်အောင် အမြဲတမ်းအားပေးတယ်။ အား‌ပေးတဲ့ မိဘကို ကျေးဇူးအများကြီးတင်ပါတယ်။ အခုအချိန်မှာ ရှေ့မှာလည်း အမေရှိပါတယ်။ ခုချိန်မှာ တဲအိမ်စုတ်လေးမှာ နေနေတဲ့အဖေ အရမ်းပျော်နေမှာပါ။ အဖေ့အတွက်လည်း ဂုဏ်ယူရအောင်ကြိုးစားခဲ့တဲ့အတွက်လည်း သမီးအတွက် ဂုဏ်ယူနေမယ်လို့ ထင်ပါတယ်။ အဖေအရမ်းပျော်နေမှာပါ။ ပြိုင်ပွဲဝင်ထဲက အားပေးကြသူ အားလုံးကို ကျေးဇူးတင်ပါတယ်” လို့ Winner ဆုရှင် Le Len က ပြောပါတယ်။

အဆိုပါ အခမ်းအနားမှာ နာမည်ကြီးအဆိုတော်တွေဖြစ်တဲ့ အဆိုတော်ကောင်းကောင်း ၊ ဖြိုးမြတ်အောင် ၊ ချမ်းမြေ့မောင်ချို ၊ Par Tin Tlem(Chin STAR Runner Up) ၊ Ruth ၊ Rain La နဲ့ Sa Htaung တို့က ပါဝင်သီဆိုဖျော်ဖြေခဲ့ကြပါတယ်။ ပြိုင်ပွဲမှာ Final တေးသီချင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာလည်းဖြစ်ပါတယ်။

ပြိုင်ပွဲဝင် ၄ ဦးထဲကနေ Winner ဆုကို Le Len@Ciin Len Nuam က ကျပ်သိန်း ၁၀၀၀ နဲ့အတူ ရွှေကြယ်ကျပ်သိန်း ၁၀၀ ဆု ၊ 1st Runner Up ဆုကို နွေဦး @Zohmingchhungi က ကျပ်သိန်း ၃၀၀ ၊ 2nd Runner Up စည်သူ @Si Thu Lwin က ကျပ်သိန်း ၁၀၀၊ 3rd Runner Up Solo @Sa Yar Zar Aung က ကျပ်သိန်း ၂၀နဲ့ Lady Grace ဂုဏ်ပြုငွေ ၁၀ သိန်း ဆုတွေ အသီးသီးရရှိခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *