October 20, 2024

MT News
၂၄. ၃. ၂၀၂၄

အစ္စလာမ္မစ်အစွန်းရောက် ISIS တို့ရဲ့ ရုရှားနိုင်ငံ မော်စကိုမြို့က ခရိုကပ်မြို့တော်ခန်းမကို တိုက်ခိုက်မှုကြောင့် လူရာချီသေဆုံးရမှုအပေါ် ဝမ်းနည်းရပါကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါတယ်။

ISIS တို့ရဲ့ လုပ်ရပ်အပေါ် “၂၀၂၄ ခုနှစ်၊ မတ်လ ၂၂ ရက်တွင် မော်စကိုမြို့၏ အနောက်မြောက်ဘက်ရှိ Krasnogorsk အရပ်ရှိ Crocus City Hall ၌ အကြမ်းဖက်တိုက်ခိုက်ပစ်ခတ်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ မြောက်မြားလှစွာသော အပြစ်မဲ့ပြည်သူများ သေဆုံး၊ ထိခိုက်ရသည့်အပေါ်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအနေဖြင့် ပြင်းထန် စွာရှုတ်ချပါသည်။ မည်သည့်ပုံစံမျိုးစုံနှင့်မဆို ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်ဝါဒီနှင့် အစွန်းရောက် အကြမ်းဖက်မှုများကို မြန်မာနိုင်ငံသည် အစဉ်တစိုက် ရှုတ်ချလျက်ရှိပါသည်။ အကြမ်းဖက်ဝါဒီသည် နိုင်ငံတကာအကြမ်းဖက်မှုလုပ်ရပ်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံများ၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိပါးလျက် ရှိပါသည်။ မြန်မာနိုင်ငံအနေဖြင့် ရုရှားအစိုးရ၊ ပြည်သူများနှင့် အကြမ်းဖက်ဒဏ်ခံရသည့် ကျန်ရစ်ခဲ့သော မိသားစုများနှင့်အတူ ဝမ်းနည်းကြောင်းဖော်ပြအပ်ပါသည်။”လို့နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ခဲ့တာပဲဖြစ်ပါတယ်။

အစ္စလာမ္မစ်အစွန်းရောက် အကြမ်းဖက်အဖွဲ့ ISIS တို့ရဲ့ဗလီတက်နေ့သောကြာမှာ တိုက်ခိုက်ခဲ့တဲ့ဒီဖြစ်ရပ်ဆိုးကြောင့် လူပေါင်း ၁၃၃ ဦးသေဆုံးပြီး ၁၄၀ ကျော် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *