October 20, 2024

၂၃.၃.၂၀၂၄
Written by KL

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ စံပြ-မြင်းနားကျေးရွာ၊ ရွှေမြင်တင်တောင်ပေါ်အတက်လမ်းတွင် မတ်လ ၂၂ ရက် ညနေပိုင်းက ကားတစ်စီး ဘရိတ်ပေါက်၍ နောက်ပြန်လိမ့် တိမ်းမှောက်ရာမှ ဘုရားဖူးတစ်ဦးသေဆုံးသည့်အပြင် ကယ်ဆယ်ရေးသွားရောက်ဆောင်ရွက်ခဲ့သည့် မီးသတ်သမားတစ်ဦးပါ အမောဖောက်၍ သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ကားက ရမည်းသင်းက ကားပဲ။ မိသားစုလိုက် သွားရင်းဖြစ်တာ။ ကားပေါ်က အမျိုးသမီးတစ်ဦး ဆုံးတယ်။ ကားအောက်မှာတော့ သွေးတွေရွှဲနေတာပဲ”ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

ရွှေမြင်တင် တောင်တက်လမ်းမှာ မတ်​စောက်သ​ဖြင့် ဆိုင်ကယ်၊ ကားဖြင့်တက်မည်ဆိုပါက ဂရုစိုက်ကြရန် လိုအပ်ပြီး မောင်းသူကျွမ်းကျင်ရန် လိုအပ်သကဲ့သို့ စက်ပစ္စည်း ကောင်းမွန်ရန်လည်း လိုအပ်ကြောင်း ​ဒေသခံတစ်ဦးကပြောသည်။

အမောဖောက်၍ သေဆုံးသော မီးသတ်တပ်ဖွဲ့ဝင်မှာ ရမည်းသင်းမြို့နယ်မီးသတ်စခန်းမှ ကိုကျော်ဇင်ဝင်းဖြစ်ပြီး လူချစ်လူခင်ပေါသူတစ်ဦးဖြစ်ကာ သေဆုံးချိန်တွင် ဇနီးနှင့် သားတစ်ဦး ကျန်ရှိခဲ့ကြောင်း သိရသည်။

ရွှေမြင်တင် တောင်​တော်မြတ် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို တပေါင်းလဆန်း ၁၂ ရက်မှ တပေါင်းလပြည့်ကျော် ၁ ရက် (မတ် ၂၁ ရက်မှ ၂၅ ရက်) အထိ ပျော်ပွဲရွှင်ပွဲ၊ ဇာတ်ပွဲများ၊ ဗလာပွဲများဖြင့် ကျင်းပလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ – ပရဟိတသမားလေး ကျွန်တော်

Leave a Reply

Your email address will not be published. Required fields are marked *