October 20, 2024

၂၃.၃.၂၀၂၄
Written by KL

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(က) ရပ်ကွက်တွင် မတ်လ၂၂ရက် ညနေ ၄ နာရီခန့်က နေအိမ် မီးလောင်မှုဖြစ်ပွားခဲ့ရာမှာ အသက် ၆၂ နှစ်အရွယ် လေဖြတ်​နေသူအမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူ အသက် ၆၂ နှစ်အရွယ် ဦးစိုင်းနွံမှာ မီးလောင်ဒဏ်ရာများဖြင့် နေအိမ်အပေါ်ထပ်တွင် သေဆုံးခဲ့​ခြင်းဖြစ်သည်။

အဆိုပါ မီးလောင်မှုမှာ မိနစ် ၂၀ ကြာမြင့်ခဲ့ပြီး တာချီလိတ်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံလူမှုကူညီရေးအဖွဲ့ဝင်များ၊ ဒေသခံများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

သေဆုံးသူ၏ရုပ်အလောင်းကို တာချီလိတ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပြီးနောက် ပုံလို့(မြို့မ)သုသာန်တွင် မီးသင်္ဂြိုဟ်ပေးခဲ့ကြောင်း ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *