October 20, 2024

၂၃. ၃. ၂၀၂၄
Written by Nay Moe

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ စစ်စီးကုန်းကျေးရွာအနီးမှာ အိမ်စီးကားနဲ့ လိုက်ပါလာတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးကို ရွာငံ PDF တွေက ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်လို့ ၂ ဦးစလုံးသေဆုံးသွားတယ်လို့ Ywangan PDF (JPRF) က ပြောပါတယ်။

ဖြစ်စဥ်က မနေ့က မတ်လ ၂၂ ရက် နံနက် ၈ နာရီခွဲအချိန်ခန့်က ရွာငံမြို့နယ်၊ စစ်စီးကုန်းကျေးရွာ တောင်ဘက်ခြမ်းကို အိမ်စီးကားနဲ့ ထွက်လာတဲ့ ဒုတပ်ကြပ် ၁ ဦးနဲ့ ပြည်သူ့စစ်တစ်ဦးကို လမ်းဘေးဝဲယာမှာပုန်းနေတဲ့ ရွာငံ PDF တွေက ချောင်းမြောင်းနေရာကနေ ကားကို တရစပ်ဝိုင်းပြီးပစ်ကြတာဖြစ်ပြီး ယာဥ်ပေါ်ပါနှစ်ဦးစလုံးသေဆုံးသွားတာပါ။

ဒီလို ချောင်းအပစ်ခံရလို့ သေဆုံးသွားတဲ့သူနှစ်ဦးဆီက Ak 47 သေနတ် ၁ လက်၊ ကာဘိုင်သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၁ လုံးနဲ့ အခြားပစ္စည်းတွေအပြင် ကားကိုပါ လုယက်သွားတာဖြစ်ပြီး ဒီတိုက်ခိုက်မှုကိုတော့ ဖရဲသီးဆီကသတင်းရလို့တိုက်ခိုက်တယ်လို့ ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့ Ywangan PDF(JPRF) က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *