October 20, 2024

၂၃.၃.၂၀၂၄
Written by Thin Zar

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ ၂၂ ရပ်ကွက်ရှိ တဲအိမ်တွင် ခြင်ဆေးခွေမီးမှတစ်ဆင့် နေအိမ်မီးလောင်ရာက အသက် ( ၁) နှစ်အရွယ် ကလေးငယ်တစ်ဦး မီးလောင်သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ မတ်လ ၂၂ ရက် ည ၁၁ နာရီဝန်းကျင်တွင် မိဘများမှ ကလေးငယ်များအား ခြင်ဆေးခွေထွန်းပြီး ထားခဲ့ရာမှ ထိုခြင်ဆေးခွေမီးမှာ နေအိမ်ကြမ်းပြင်သို့ ​ကျပြီး မီးလောင်ရာ အိပ်ပျော်နေသည့် အသက် (၁) နှစ်အရွယ်ကလေးငယ်မှာ မီးလောင်၍ သေဆုံးပြီး ကျန်ကလေးငယ် ( ၂) ဦးမှာ လွတ်မြောက်သွားကြောင်း သိရသည်။

“သူတို့က ကျူးမှာနေတာ။ မိဘတွေပေါ့တာ။ ကလေးတွေကို ခြင်ဆေးခွေထွန်းပြီး ထားခဲ့တာ။ ဘယ်သွားတာလဲတော့ မသိဘူး။ ကလေးငယ်ကတော့ မီးထဲပါသွားတယ်။ ကျန်၂ ယောက်က လမ်းလျှောက်နိုင်တော့ လွတ်သွားတယ်။ ဘေးပတ်ဝန်းကျင်က မီးငြှိမ်းသတ်ပေးတာ” ဟု မြေပြင်အားသွားရောက်ကူညီပေးသည့် ရွှေမေတ္တာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုမီးလောင်သည့် နေအိမ်မှာ ၇ ပေပတ်လည် တည်ဆောက်ထားသည့် နေအိမ်ဖြစ်ပြီး မီးလောင်မူကြောင့် အသက် ( ၁) နှစ်အရွယ်ကလေးငယ်သေဆုံးပြီး၊ အသက် ( ၇) နှစ်နှင့် အသက် ( ၄) နှစ်အရွယ် ကလေးငယ်တို့မှာ မီးဘေးမှ လွတ်မြောက်သွားကြောင်း သိရသည်။

ဓာတ်ပုံ – ရွှေမေတ္တာလူမှုကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *