October 20, 2024

◼️ အကြမ်းဖက်သမားလေးဦးအပါအဝင်  လူ ၁၁ ဦးအားဖမ်းဆီးမိထား

၂၂.၃.၂၀၂၄
Translated by Htwe Ko Tun

ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်အစွန်ပိုင်းရှိ ခရိုကပ်စ် မြို့တော်ခန်းမအဆောက်အအုံရှိ ကပွဲရုံကို မတ်လ ၂၂ ညမှာ ISIS အကြမ်းဖက်သေနတ်သမားတွေ ဝင်ရောက်ပစ်ခတ်မှုကြောင့်သေဆုံးရသူ ဦးရေဟာ မတ်လ ၂၃ ရက်မှာ ၉၃ ဦးအထိမြင့်တက်လာခဲ့သလို ဒဏ်ရာရရှိသူအရေအတွက်ကလည်း ၁၈၇ ဦးရှိလာခဲ့တယ်လို့ ဆိုပါတယ်။

ရုရှားရှေ့နေချုပ်ရုံးရဲ့ ပြောကြားချက်အရတော့ သေနတ်သမားတွေဟာ တိုက်ပွဲဝင်ဝတ်စုံဝတ်ပြီး ကပွဲရုံထဲသို့ဝင်ရောက်လာကြပြီး ပစ်ခတ်ခဲ့ကြတာလို့ သိရပါတယ်။ ထိုကပွဲရုံက ကရင်မလင်နန်းတော်နဲ့တော့ ၁၂ မိုင်အကွာအဝေးမှာရှိပါတယ်။

ရုရှားနိုင်ငံရဲ့ လုံခြုံရေးနဲ့ တန်ပြန်ထောက်လှမ်းရေးအဖွဲ့ဖြစ်တဲ့ FSB က လူ ၁၁ ဦးကို ဖမ်းဆီးမိထားခဲ့ပြီး သူတို့ထဲမှာ လေးဦးကတော့ အကြမ်းဖက်မှုမှာတိုက်ရိုက်ပါဝင်တဲ့ ISIS အကြမ်းဖက်သမားတွေလို့ သိရပါတယ်။ ရုရှားအစိုးရအနေနဲ့အကြမ်းဖက်မှုကြံရာပါတွေကို ဆက်လက်စုံစမ်းနေတယ်လို့လည်း ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့(အင်တာပိုလ်) ကလည်း အကြမ်းဖက်မှုအပေါ်စုံစမ်းမှုတွေအတွက် ရုရှားနိုင်ငံကို အကူအညီပေးသွားမယ်လို့ပြောခဲ့တယ်လို့ သိရပါတယ်။

Ref– Al Jazeera

ပုံစာ။ ISIS အကြမ်းဖက်အဖွဲ့ဝင်များ ဖမ်းမိမှုမြင်ကွင်းများ။

Leave a Reply

Your email address will not be published. Required fields are marked *