MT News
Written by Min Mahar
မန္တလေးမြို့ပေါ်ရှိနေရာအချို့တွင် SAC အဖွဲ့ကို ဆန့်ကျင်သည့်စာသားပါ ဗီနိုင်းစများ ဒီဇင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းကချိတ်ဆွဲသွားကြောင်း မြို့ခံများထံမှ သိရသည်။
ဒီဇင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁) ရပ်ကွက်၊ ၆၉ လမ်းနှင့် ၇၀ လမ်းကြား၊ ၁၀၁ လမ်း(သိပ္ပံလမ်း)ဘေး ပလက်ဖောင်းပေါ်ရှိ လူသွားလမ်းစင်္ကြန်တွင် “ခေတ်ပြောင်းပေမဲ့စနစ်မပြောင်း အကျင့် မကောင်းသူတွေကို မြေလှန် တော်လှန်မဲ့မန္တလေး” ဟု ဆန့်ကျင်စာသားများ ရေးသားထားသည့် ၈ ပေ ၊ ၄ ပေခန့်ရှိ ဗီနိုင်းဆိုင်းဘုတ်အား အမည်မသိလူ ၂ ဦးမှ ချိတ်ဆွဲသွားကြောင်း သိရသည်။
“အဲဒီစာကို မနက် ၉ နာရီလောက်မှာ ရဲတွေလာဖြုတ်သိမ်းသွားကြတယ်။ အနီးအနားကိုလည်း လိုက်လံစုံစမ်းစစ်ဆေးတာတွေလည်းလုပ်ခဲ့ကြသေးတယ်” ဟု မျက်မြင်တွေ့ခဲ့သောလမ်းဘေးစျေးသည်တစ်ဦးက ဆိုသည်။
အလားတူပင် “အောင်မြေသာစံမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နှင့် အထက(၁၂) ချမ်းအေးသာစံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)တို့မှ ပူးပေါင်း၍ “ဖိနှိပ်ခံတို့ ညီညွှတ်ကြ စစ်သုံးစစ်ကိုအမြစ်ဖြတ်ကြ”စာသားပါဘန်နာအား ယမန်နေ့ ၌ မန္တလေးမြို့ တစ်နေရာတွင် ချိတ်ဆွဲခဲ့သည်ကိုလည်း တွေ့ရသည်။