၂၂.၃.၂၀၂၄
Translated by Htwe Ko Tun
ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ ခရိုကပ်စ်မြို့တော်ခန်းမ ကပွဲရုံကို မတ်လ ၂၂ ရက် ညက ISIS အကြမ်းဖက်သမားတို့ရဲ့ ဝင်ရောက်ပစ်ခတ်မှုမှာ ယူကရိန်းတို့နဲ့ပတ်သက်နေတယ်လို့ မယူဆရပါဘူးလို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က မတ်လ ၂၂ ရက်က ပြောခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက အကြမ်းဖက်မှုဖြစ်ပွားပြီးနောက် ဖြစ်စဉ်နဲ့ပတ်သက်လို့ သတင်းအချက်အလက်ကို အမေရိကန်အစိုးရက စုဆောင်းနေတယ်လို့လည်း ပြောခဲ့ပါတယ်။
ကာဘီက ခုထက်ထိတော့ ယူကရိန်းအစိုးရက ဒါမှမဟုတ် ယူကရိန်းနိုင်ငံသားတွေက ဒီအကြမ်းဖက်မှုထဲမှာပါနေတယ်လို့ အရိပ်လက္ခဏာမတွေ့ သေးပါဘူးလို့ သတင်းထောက်တွေကိုပြောခဲ့ပါတယ်။ ကာဘီက အကြမ်းဖက်မှုကြောင့် သေဆုံးဒဏ်ရာရရှိသူ ဓားစာခံတွေအတွက် စာနာဝမ်းနည်းမိတယ်လို့လည်း ပြောခဲ့ပါတယ်။
ကာဘီက ဆက်လက်ပြီး အကြမ်းဖက်မှုရဲ့ ရုပ်ပုံတွေက ကြည့်ရှုရန်ပင်ဆိုးဝါးလှပြီး ကြောက်မက်ဖွယ် အကြမ်းဖက်ပစ်ခတ်မှုလည်းဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
သောကြာနေ့က မော်စကိုမှာဖြစ်ပွားခဲ့တဲ့ အစ္စလာမ္မစ်အစွန်းရောက် ISIS တို့ရဲ့ ဒီတိုက်ခိုက်မှုမှာ လူပေါင်း ၆၀ ကျော်သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။
Ref -Moscow Times