October 30, 2024

MT News

၁၀. ၁၂. ၂၀၂၂

ချန်ပီယံဖြစ်ဖို့အတွက် ရေပန်းအစားဆုံး ဘရာဇီးလ်အသင်းကို ပွဲကစားချိန် မိနစ် ၉၀ မှာ ၀-၀ သရေကစားပြီး အချိန်ပိုမိနစ် ၃၀ ရဲ့ ၁၀၆ မိနစ်မှာ နေလ်မာ ခြေစွမ်းပြကာ ဂိုးသွင်းယူခဲ့တာကြောင့် အားလုံးက ခရိုအေးရှားရဲ့ ပြီးဆုံးခြင်းလို့ ထင်ခဲ့ကြတာပါ။

ဒါပေမဲ့ တစ်ပွဲလုံးအကောင်းဆုံးကစားနေတဲ့ ခရိုအေးရှားဟာ ပွဲပြီးဖို့ ၄ မိနစ်အလို ၁၁၆ မိနစ်မှာတော့ ပတ်ကိုဗစ်ရဲ့ ချေပဂိုးနဲ့ ၁-၁ ဆိုတဲ့ သရေရလဒ်ရယူပြီး ပင်နယ်လ်တီကို ဆွဲခေါ်သွားခဲ့ပါတယ်။

ပင်နယ်လ်တီမှာတော့ ခရိုအေးရှားရဲ့ ဂိုးသမား လီဗာကိုဗစ်ဟာ ကွာတားဖိုင်နယ်တက်ရောက်စေခဲ့တဲ့ သူ့ရဲ့ ပင်နယ်လ်တီကာကွယ်နိုင်မှုလက်စွမ်းကို ဆက်လက်ထိန်းသိမ်းခဲ့ပြီး ဘရာဇီးလ်ရဲ့ ရိုဒရီဂို ပထမဆုံးကန်သွင်းမှုကို လှလှပပကာကွယ်နိုင်ခဲ့ပါတယ်။ အဲဒီနောက် ကက်စမဲရိုးလ်၊ ပတ်ဒရိုတို့ ဂိုးဝင်အောင် သွင်းနိုင်ခဲ့ပေမဲ့ မာကွင့်ဟိုကတော့ ဂိုးတိုင်ထိခဲ့ပြီး ၄ လုံးကန်သွင်းရာမှာ ၂ ဂိုးပဲဝင်ခဲ့ပါတယ်။

ခရိုအေးရှားကတော့ ဗလာဆစ်၊ မေယာ၊ မိုဒရစ်၊ အော်ဆစ်တို့ လေးဦးစလုံးက ပင်နယ်လ်တီဂိုးလှလှပပ ကန်သွင်းနိုင်ခဲ့တာကြောင့် နေမာလ်တို့ရဲ့ ငိုပွဲဆင်နွှဲမှုနဲ့အတူ ဘရာဇီးလ်တို့ ကမ္ဘာ့ဖလားကို ကျောခိုင်းခဲ့ရပြီး ခရိုအေးရှားကတော့ ဆီမီးဖိုင်နယ်ဆီ တက်လှမ်းသွားခဲ့ပြီဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *