November 2, 2024

၂၂. ၃. ၂၀၂၄
Written by Nay Moe

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ ပြည်သူလှူဒါန်းထားတဲ့ ထိုင်းဘတ် ၃ သိန်းနီးပါး (မြန်မာငွေကျပ်သိန်း ၃၀၀ ဝန်းကျင်)ကို ထောက်ပို့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ တောင်ပံနီ(ခ)မနွယ်နီကို လက်နက်ခဲယမ်းဝယ်ခိုင်းရာက အလှူငွေတွေ လိမ်လည်သွားလို့ အဖွဲ့က ထုတ်ပယ်လိုက်တယ်လို့ မြိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

ထိုင်းနိုင်ငံ ရနောင်းမြို့နေ တောင်ပံနီ(ခ)မနွယ်နီဟာ မြိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ထောက်ပို့အဖွဲ့ဝင်အဖြစ် ၂၀၂၂ ခုနှစ်၊ နှစ်ကုန်ပိုင်းက စတင်ခန့်အပ်ခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းတွေ ဝယ်ခိုင်းရာမှာ ၁ နှစ်ကျော်ကြာတဲ့အထိ လက်နက်ခဲယမ်းတစ်စုံတစ်ရာ ရောက်ရှိလာခြင်းမရှိဘဲ လိမ်ညာခိုးယူ ထွက်ပြေးသွားတာလို့လည်း မြိတ်ပကဖကပြောပါတယ်။

ထုတ်ပယ်ခံရတဲ့ မနွယ်နီက တော်လှန်ရေးမီးအိမ်(၁) အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပြီး စည်းကမ်းအကြိမ်ကြိမ် ချိုးဖောက်တာကြောင့် တော်လှန်ရေးမီးအိမ်အဖွဲ့က ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်မှာ မနွယ်နီကို အဖွဲ့က ထုတ်ပယ်လိုက်သလို မြိတ်ပကဖကလည်း မနွယ်နီကို ထောက်ပို့အဖွဲ့ဝင်အဖြစ်က ရပ်စဲလိုက်တယ်လို့လည်းပြောပါတယ်။

မနွယ်နီဟာ ထောက်ပို့အဖွဲ့ဝင်အဖြစ်က ရပ်စဲခံထားရပေမဲ့လည်း မြိတ်ပကဖအမည်သုံးပြီး လိုက်လံအလှူခံတာတွေဆက်လုပ်နေတယ်လို့လည်း သိရပြီး မနွယ်နီလိမ်လည်သွားတဲ့ ဘတ်ငွေပမာဏကတော့ ထိုင်းဘတ်ငွေ ၂၉၄၃၀၀ ဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *