November 2, 2024

၂၂.၃.၂၀၂၄
Written by Thin Zar

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့၊ ဟင်္သာအဝိုင်းဘက်သို့ မောင်းနှင်လာစဥ် ကားလမ်းဘေးအနီးရှိ ဖရဲသီးဆိုင်ရှေ့အရောက်တွင် သုံးဘီးယာဥ်မှ အရှိန်လွန်၍ ဟိုက်ဂျက်ယာဥ်၏ နောက်ကိုဝင်တိုက်မိရာက အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

မတ်လ ၂၁ ရက် ညနေ ၆ နာရီဝန်းကျင်တွင် ကညော်ကျေးရွာမှ ကတောင်စိန်ကျေးရွာ၊ ဟင်္သာအဝိုင်းဘက်သို့ မောင်းနှင်လာသည့် သုံးဘီးယာဥ်မှာ MITSUBISHI MINI CAB ယာဥ်ကိုကျော်တက်ရာက သုံးဘီးယာဥ်အရှိန်လွန်ပြီး ထိုယာဥ်ကိုအနောက်မှဝင်တိုက်ရာ MITSUBISHI MINI CAB ယာဥ်မှာ လမ်းဘယ်ဘက်အခြမ်းသို့ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ထို MITSUBSHI MINI CAB ယာဥ်ပေါ်၌ ယာဥ်မောင်းအမျိုးသားနှင့် အမျိုးသမီး (၃) ဦးလိုက်ပါလာပြီး၊ ယာဥ်တိမ်းမှောက်မူကြောင့် အသက်(၃၇) နှစ်အရွယ်အမျိုးသမီး (၁) ဦးမှာ ဒဏ်ရာများပြင်းထန်ပြီး အခင်းနေရာတွင် သေဆုံးသွားကြောင်း သိရသည်။

ထို့နောက် ယာဥ်ပေါ့ဆစွာမောင်းနှင်သည့် သုံးဘီးမောင်းသူ အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ၂၇၉ အရ ချောင်းဆုံမြို့ရှိ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *