October 30, 2024

ကြာညှပ်အဖွဲ့သတ်ဖြတ်လိုက်သည့် ရာအိမ်မှူးနှင့် ယင်းတို့၏ ထုတ်ပြန်ချက်

၁၀. ၁၂. ၂၀၂၂

Written by Min Mahar

သပိတ်ကျင်းမြို့နယ်တွင် ရာအိမ်မှူးတစ်ဦးနှင့် သတင်းပေးဒလန်ဟုစွပ်စွဲခံရသူ ဦးထွန်းထွန်းတို့ ၂ ဦးအား ပကဖ(ကြာညှပ်)အဖွဲ့မှလုပ်ကြံသတ်ဖြတ်ခဲ့ပြီး SAC အဖွဲ့၏ပစ္စည်းသယ်လာသော လိုက်ထရပ်ကားကိုလည်း မိုင်းဆွဲခဲ့သည်ဟု ပကဖ(ကြာညှပ်) အဖွဲ့က ထုတ်ပြန်သည်။

အဆိုပါဖြစ်စဥ်များကို ဒီဇင်ဘာ ၈ ရက်က လုပ်ဆောင်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့နယ်ခွဲ၊ မကျီးကုန်းကျေးရွာအုပ်စု၊ မတောင်ကျေးရွာနေ အသက် ၆၀ အရွယ် ရာအိမ်မှူး ဦးမောင်မြင့်ဆိုသူ ၎င်းအမျိုးသမီးနှင့် နေအိမ်တွင်းရှိနေစဉ် အမည်မသိအမျိုးသား ၆ ဦးမှ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး ဦးမောင်မြင့်အား ဖမ်းဆီးခေါ်ဆောင်သွားကာ နေအိမ်တောင်ဘက် မန္တလေး-ဗန်းမော်သို့သွားသည့် ကားလမ်းဘေးတွင် သတ်ဖြတ်သွားခဲ့ရာ လည်ပင်းပြတ်ရှဒဏ်ရာ၊ ရင်ဘတ်ပြတ်ရှဒဏ်ရာ၊ ရင်ညွန့်ထိုးသွင်းဒဏ်ရာ ၂ ချက်၊ နားနှစ်ဖက် ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာ ၉ ရက် နံနက် ၉ နာရီခွဲအချိန်ကလည်း SAC အဖွဲ့၏ ပစ္စည်းသယ်လာသော လိုက်ထရပ်(အဖြူရောင်)ကားကို ဆယ်ဇင်းကုန်းရွာနှင့် မင်းကုန်းရွာကြားတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီးနောက် နေ့လည် ၃ နာရီကျော်တွင် မင်းကုန်းရွာသား ဦးထွန်းထွန်းဆိုသူ အရပ်သားပြည်သူတစ်ဦးကိုလည်း သတင်းပေးဒလန်ဟုစွပ်စွဲပြောဆိုကာ ၎င်း၏ရွာအနီးတွင် လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *