၂၂. ၃. ၂၀၂၄
Written by Nay Moe
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ပေါ်က ကောင်းကွတ်တီယိုဆိုင်ပိုင်ရှင် အသက် (၅၀) ကျော်အရွယ် ဦးနေမင်းကြည်ဆိုသူကို ဒီနေ့မနက် ၁၀ နာရီ ၁၈ မိနစ်အချိန်က ပစ်ခတ်သတ်ဖြတ်လိုက်တယ်လို့ NUG ဩဇာခံ PDF တပ်ရင်း – ၇၈၀၅၊ တပ်ခွဲ – ၄၊ UG အဖွဲ့က ထုတ်ပြန်ထားပါတယ်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဘူတာလမ်းနေ ကောင်းကွတ်တီယိုဆိုင်ပိုင်ရှင်ဦးနေမင်းကြည်ဟာ တပ်မတော်ခရိုင်ထောက် လှမ်းရေးအဖွဲ့၀င်ဖြစ်ပြီး တော်လှန်ရေးအဖွဲ့ဝင်တွေကို အသွင်ယူထောက်လှမ်းနေလို့ သတ်လိုက်တာလို့ PDF တွေက အကြောင်းပြချက်ပေးပေမဲ့ MT News အနေနဲ့ကတော့ သတ်ဖြတ်ခံဦးနေမင်းကြည်ဟာ ထောက်လှမ်းရေးအဖွဲ့ဝင် ဟုတ်မဟုတ်ဆိုတာ အတည်မပြုနိုင်ဘဲ ကွတ်တီယိုဆိုင်ပိုင်ရှင် ဦးနေမင်းကြည်ကို PDF တွေသတ်ဖြတ်တယ်ဆိုတာကိုသာ အတည်ပြုနိုင်တာဖြစ်ပါတယ်။
NLD၊ NUG၊ PDF နဲ့ EAOs တွေအနေနဲ့ သူတို့ကို မထောက်ခံတာကြောင့် “ဒလန်၊ သူလျှို၊ နစကယန္တယားလည်ပတ်အောင်လုပ်ပေးသူ” စွပ်စွဲချက်နဲ့ ပြည်သူတွေကို လိုက်လံသတ်ဖြတ်နေတာဖြစ်ပြီး သတ်ဖြတ်ခံရတဲ့ သံဃာ၊ သီလရှင်၊ နိုင်ငံ ဝန်ထမ်း၊ ကလေးသူငယ်၊ ဆရာဆရာမ၊ ကျောင်းသားကျောင်းသူပေါင်းကတော့ သုံးနှစ်အတွင်း ၇၀၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။