October 20, 2024

၂၂. ၃. ၂၀၂၄
Written by Nay Moe

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ အုတ်ရှစ်ကုန်းအုပ်စု အုပ်ချုပ်ရေးမှူးဦးတင်ဝင်းနိုင်နဲ့ ထွေအုပ်စာရေးဦးစန်းနိုင် ဆိုသူတို့ကို အုတ်ရှစ်ကုန်းကျေးရွာအုပ်စုအတွင်း စစ်မှုထမ်းဥပဒေအရ အသိပေးဆောင်ရွက်မှုလုပ်ဆောင်နေတာကြောင့် သတ်ပစ်လိုက်တယ်လို့ ရေနံချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

ဖြစ်စဥ်က မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ အုတ်ရှစ်ကုန်းကျေးရွာနေသူတွေ ဖြစ်ကြတဲ့ ဦးတင်ဝင်းနိုင်(၄၉) နှစ်နဲ့ ဦးစန်းနိုင် (၅၀) နှစ်တို့ဟာ မတ်လ ၂၀ ရက်ည ၉ နာရီအချိန် ရေနံချောင်းမြို့ကနေ နေအိမ်ဆီ ဆိုင်ကယ်နဲ့ ပြန်လာချိန် ‌အုတ်ရှစ်ကုန်းကျေးရွာအနီး ဖောင်းကွဲချောင်း (ဒေသအခေါ်) ထိပ်အရောက်မှာ ရေနံချောင်း PDF တွေက သတ်ပစ်လိုက်တာပါ။

ရေနံချောင်း PDF တွေဟာ ဦးတင်ဝင်းနိုင်နဲ့ ဦးစန်းနိုင်ကို သတ်ပစ်တဲ့အပြင် သူတို့ရဲ့ ငွေကြေးနဲ့စာရွက်စာတမ်းပစ္စည်းတွေ၊ လက်ကိုင်ဖုန်းနှစ်လုံးနဲ့ ဆိုင်ကယ်တစ်စီးကိုပါလုယက် ယူဆောင်သွားခဲ့ကြတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *