October 20, 2024

၂၂.၃.၂၀၂၄
Written by Thin Zar

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ သတိပဌာန်ရပ်ကွက် (၅) လမ်းရှိ နေအိမ်ခြံဝန်းထဲတွင် ဝိုင်းဖွဲ့စကားပြောနေသည့် ပြည်သူ (၄) ဦးအနက် (၁) ဦးမှာ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ မတ်လ ၂၁ ရက် မွန်းလွဲ ၃ နာရီကျော်တွင် ဒေါ်နွယ်ဝင်း(ခ) ဒေါ်ချို၏ နေအိမ်ခြံဝန်းထဲရှိ သစ်ပင်အောက်တွင် ထိုအမျိုးသမီးအပါအဝင် အမျိုးသား၊ အမျိုးသမီး (၄) ဦးစကားပြောနေစဥ် နေအိမ်ခြံဝန်းထဲသို့ မော်တော်ဆိုင်ကယ်ဖြင့် PDF တစ်ဦးရောက်ရှိလာပြီး ထို(၄) ဦးထဲမှ အမျိုးသား(၁) ဦးကို သေနတ်ဖြင့်ပစ်ခတ်သွားကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်နေရာသို့ တာဝန်ရှိသူများ သွားရောက်စစ်ဆေးကြည့်ရှုရာ သေနတ်ပစ်ခတ်ခံရသည့် အမျိုးသားမှာ သတိ ပဌာန်ရပ်ကွက်၊ ကျောင်းပတ်လမ်းတွင် နေထိုင်သည့် အသက် (၄၀) နှစ်အရွယ် ဦးစန်းအောင်ညွန့်(ခ)လူမုန်းဆိုသူဖြစ်ပြီး ညာဘက်နားထင်မှ ဘယ်ဘက်ပါး ကျည်ထိမှန်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း တွေ့ရှိခဲ့ရသည်။

အလားတူ မတ်လ ၂၀ ရက်နေ့ကလည်း ပေါင်းတည်မြို့၌ တစ်ရက်တာအတွင်း အမျိုးသမီး ( ၂) ဦးသတ်ဖြတ်ခံရသည့် ဖြစ်စဥ်များလည်း ရှိခဲ့သည်။

Photo -Credit

Leave a Reply

Your email address will not be published. Required fields are marked *