October 20, 2024

၂၁.၃.၂၀၂၄
Written By Thandar

MRTV-4 ရုပ်သံလိုင်းကတစ်ဆင့် ပရိသတ်ချစ်ခင်မှုကို ရရှိခဲ့တဲ့ မင်းသမီး ခေးဆက်သွင်ကတော့ ယနေ့ သူမရဲ့မွေးနေ့မှာ သားဦးလေးကို အောင်မြင်စွာ မွေးဖွားခဲ့တယ်လို့ သိရပါတယ်။

“Happy Birthday ပါ မိန်းကလေးရေ။ မွေးနေ့မှာ သားသားလေးကို မွေးပေးလို့လည်း ကျေးဇူးတင်ပါတယ်ဗျ။ မွေးနေ့က စလို့ လိုတိုင်းတရနိုင်ပါစေ။ စိတ်ချမ်းသာ လူချမ်းသာပါစေနော်။ သားလေးကို အခက်အခဲမရှိဘဲ အောင်မြင်စွာ မွေးဖွားခဲ့ပါတယ်” လို့ ခေးဆက်သွန်းရဲ့ခင်ပွန်း ကိုအောင်ဖြိုးသူက ပရိသတ်ကို အသိပေးလိုက်တာလည်း ဖြစ်ပါတယ်။

သူမကတော့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလက ပရိသတ်တွေကို ကြိုပြီး Wedding Surprise တွေတိုက်ခဲ့တာလည်း ဖြစ်ပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ မင်္ဂလာဦးဆွမ်းကျွေးအလှူ ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

“ဒီနေ့ ခေးရဲ့မွေးနေ့ မွေးရက် မွေးလ အတူတူ သားသားလေးကို မွေးခဲ့ပါတယ်…သားသားရော မေမေရောအတွက် မွေးနေ့ Surprise လုပ်ပေး လက်ဆောင်တွေပေး ပန်းစည်းနဲ့ ကိတ်မုန့်တွေ ပို့ပေး မွေးနေ့ဆုတောင်းတွေ မေတ္တာအပြည့်နဲ့ရေးပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်….။ မေတ္တာတွေ အများကြီးရရှိတဲ့အတွက် ဝမ်းသာရပါတယ်..။ဆေးရုံမှာမို့ Reply တွေ အများကြီး မပြန်နိုင်တာ ခွင့်လွှတ်ပါနော်..ချစ်တယ်” လို့ သရုပ်ဆောင် ခေးဆက်သွင်က ပရိသတ်သိအောင်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *