October 20, 2024

၂၁.၃.၂၀၂၄.
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ ၊ ကန်ချနာပူရီပြည်နယ်အတွင်း သောင်ဖါဖွမ်ခရိုင်၌ မြန်မာနိုင်ငံမှ တရားမဝင် ခိုးဝင်လာသူ ၅၈ ဦးအား မတ်လ ၂၁ ရက် နံနက်တွင် ထိုင်းစစ်တပ်နှင့်ရဲတပ်ဖွဲ့ကဖမ်းမိခဲ့ကြောင်း သိရသည်။

ဒေသခံအာဏာပိုင်များ၏ ပြောကြားချက်များအရ အမျိုးသား ၄၅ ဦးနှင့် အမျိုးသမီး ၁၃ ဦးပါ ခိုးဝင်လာ သူများကို နယ်စပ်အနီး သာခါနမ်ခရိုင်ခွဲရှိ ရေလှောင်တမံတစ်ခုအနီးမှ တောအုပ်အတွင်းပုန်းအောင်းနေကြစဉ် နံနက် ၆ နာရီခန့်တွင် တွေ့ရှိဖမ်းမိခဲ့ခြင်းဟု သိရသည်။

၎င်းတို့အားလုံးမှာမြန်မာလူမျိုးများဖြစ်ကြကာ ခရီးသွားစာရွက်စာတမ်းများလည်း မပါရှိကြကြောင်း တွေ့ ခဲ့ရသည်။

စစ်ဆေးချက်များအရ ၎င်းတို့က အလုပ်ပွဲစားများကိုဘတ်ငွေ ၁၅,၀၀၀ မှ ၂၅,၀၀၀ စီအထိ ထိုင်းနိုင်ငံတွင်အလုပ်ရမည်ဟူသောကတိအတွက် ပေးခဲ့ရကြောင်းလည်း သိရသည်။ ၎င်းတို့အား ဒေသ ရဲတပ်ဖွဲ့က ဥပဒေအရအရေးယူသွားမည်ဟုသိရသည်။

၎င်းကတစ်ပတ်အတွင်းဒုတိယမြောက် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသားများအားဖမ်းမိခြင်းဖြစ်ပြီး မတ်လ ၁၃ ရက်ကလည်း အမျိုးသား ၁၇ ဦးနှင့် အမျိုးသမီးငါးဦးအား သောင်ဖါဖွမ်ခရိုင်၌ပင် ဖမ်းမိခဲ့သေးသည်။

Ref-Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *