October 20, 2024

၂၁. ၃. ၂၀၂၄
Written by Ye Kyaw

ယနေ့ မွန်းလွဲပိုင်းနှင့် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အချိန်အခါမဟုတ် နေရာကွက်ကျား မိုးရာသွန်းခဲ့ပြီး နောက်(၂)ရက်တွင်လည်း နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ယင်းကဲ့သို့ ရုတ်တရက် အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့မှုကြောင့် ထီးမပါသော ခရီးသွားပြည်သူများ ,အခက်အခဲများဖြစ်ခဲ့ပြီး ထီးဆိုင်များသို့ ထီးများအမြန်ဝယ်ယူခဲ့ရသည့်ဖြစ်စဉ်များလည်း ဖြစ်ပေါ်ခဲ့သည်။

ယနေ့ မတ်လ ၂၁ ရက် နံနက် ၇ နာရီ တိုင်းထွာချက်အရ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တိုတွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရွာနှုန်း(၈၀) ဖြစ်သည်။

ထို့ပြင် နောက်(၂)ရက်အတွက်ခန့်မှန်းချက်အရ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *